Cruise and Maritime Voyages (CMV)သည် ဗြိတိသျှဈေးကွက်ကို အာရုံစိုက်သည့် အပျော်စီးသင်္ဘောလုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘောလုပ်ငန်းများ ရပ်ဆိုင်းမှုများကြားတွင် ဆက်လက်လုပ်ကိုင်နိုင်ရန် ရန်ပုံငွေရှာဖွေရရရှိရန် ရက်သတ္တပတ်ရုန်းကန်ခဲ့ပြီးသည့်နောက်တွင် လုပ်ငန်းဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
CMV သည် တစ်လမပြည့်သောကာလအတွင် အပျော်စီးသင်္ဘောလုပ်ငန်းမှ ထွက်ခွာသည့် တတိယမြောက်ခရုဇ်အော်ပရေတာ ဖြစ်သည်။မကြာသေးမီ ရက်သတ္တပတ်များအတွင်း ငွေရေးကြေးရေးအခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သတင်းများ တိုးပွားလာခဲ့သည်။ ဇွန်လလယ် တွင် ယူကေ ရေကြောင်းနှင့်ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ UK Maritime and Coastguard Agency (MCA) သည်ကုမ္မဏီ၏ သင်္ဘော ၆ စီး ရှိသည့်အနက် ၅ စီးကို ဆိပ်ကမ်းများတွင် ထိန်းသိမ်းခဲ့သည်။ Astor, Astoria, Colombus, Vasco da Gama နှင့် Marco Polo တို့ကို ထိန်းသိမ်းထားခဲ့ရာ CMV ၏ ဆဌမမြောက် သင်္ဘောဖြစ်သော Magellan တစ်စီးသာ ကုမ္ပဏီ လက်ထဲတွင် ကျန်သည်။
MCA ၏ ထုတ်ပြန်ချက်အရ သက်တမ်းကုန်ခြင်းနှင့် တရားမဝင်တောသည့် သင်္ဘောသားများ အလုပ်ခန့်ထားမှုသဘောတူညီချက်များကို တွေ့ရှိခဲ့သည်။ ပင်လယ်ရေကြောင်းအလုပ်သမားဆိုင်ရာသဘောတူညီချက် ( Maritime Labour Convention) ကို ချိုးဖောက်ရာရောက်သည့် သင်္ဘောသားများကို သင်္ဘောပေါ်တွင် ၁၂ လကျော်ကြာ လုပ်ကိုင်စေခြင်းများကို တွေ့ရှိသည့်အပြင် လစာများ ပေးရာ၌ နောက်ကျနေသည်များလည်း ရှိနေသည်။
coronavirus နှင့် ပတ်သက်သော ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် သင်္ဘောသားများသည် အိမ်သို့မပြန်နိုင်ဘဲ သင်္ဘောများပေါ်မှာ သောင်တင်နေသည်။ အိန္ဒိယနိုင်ငံသား သင်္ဘောသားများက သူတို့၏ဆင်းရဲဒုက္ခကို အာရုံစိုက်ရန် ဆန္ဒပြခဲ့ကြသည်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မြန်မာနှင့် မောရစ်သျှ စသည့်နိုင်ငံများမှ သင်္ဘောသား ၁၅၀၀ ခန့်ကို အိမ်သို့ ပြန်နိုင်ရေးအတွက်အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအလုပ်သမားများအဖွဲ့ချုပ် ( International Transport Workers’ Federation- ITF) က ဝင်ရောက်ကူညီပေဖို့ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာသည်။
CMV သည်ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျနှင့် အမေရိကန်တို့တွင် ကြိုတင်လက်မှတ်ရောင်းချခြင်းများနှင့်အတူ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း လျင်မြန်စွာတိုးချဲ့ခဲ့သည်။ ကုမ္ပသည် Carnival Corporationမှ သင်္ဘောဟောင်းများကိုလည်း ဝယ်ယူခြင်းဖြင့် စီးရေ တိုးခဲ့သည်။၎င်းတို့သည် လက်ရှိတွင် အပျော်စီးသင်္ဘောငါးစင်းပိုင်ဆိုင် ထားပြီး ၂၀၂၁ ခုနှစ်တွင် ကန်ထရိုက်အဆုံးသတ် မည့် စင်းလုံးငှားသင်္ဘော Astoria တို့ဖြင့် လုပ်ငန်းလည်ပတ်ခဲ့သည်။ထို့အပြင် CMV သည် ၂၀၂၁ တွင် Carnival's P&O Cruises Australia ထံမှ နောက်ထပ်သင်္ဘောနှစ်စင်းဝယ်ယူရန် သဘောတူခဲ့သည်။ ထိုသို့ရှိရာမှ ကိုဗစ်ကြောင့် အရှုံးပြသွားခဲ့သည်။
CMV သည် ခရုစ်သင်္ဘောလုပ်ငန်းမှ ထွက်ခွာရသော တတိယမြောက် လုပ်ငန်း ဖြစ်သည်။စပိန်နိုင်ငံမှ Pullmantur Cruises ကုမ္ပဏီသည် သင်္ဘောသုံးစင်းအား အရည်ကြိုရန် ရောင်းချခဲ့ပြီး လ လွန်ခဲ့သောတစ်လခန့်က ဒေဝါလီခံကြောင်း ကြေငြာခဲ့သည်။
ဇူလိုင်လအစောပိုင်းတွင်ဆွီဒင်နိုင်ငံအခြေစိုက် Birka Cruises က လုပ်ငန်းပြုတ်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
Ref : Maritime Executive