Port News

စင်ကာပူမှ သင်္ဘောသားများ အတက်အဆင်း ကိစ္စမှတ်ချက်ချ

စင်ကာပူနိုင်ငံ အနေနဲ့ ကျွန်းနိုင်ငံ ဖြစ်သလို သင်္ဘောများရဲ့ ဆုံချက် အဓိကထား သင်္ဘောဆိပ် တစ်ခုလို့လည်း ပြောလို့ရပါတယ် ထို့ကြောင့် သင်္ဘောသား အတက်အဆင်းကလဲ များပြားပါတယ်။သင်္ဘောသားများ သင်္ဘောပေါ်သို့ အတက်ကိုတော့ အခုချိန်မှာ သင်္ဘောဆိပ်တိုင်းမှာ ပိတ်ထားဖို့ သင့်ကြောင်း စင်ကာပူ အပါ အဝင် နိုင်ငံ တချို့ မှာ မှတ်ချက်ချ လိုက်ပါပြီ။

 

သင်္ဘောကြီးများရဲ့ ပိုင်ရှင်များ ၊ စီမန် ခန့်ခွဲသူများ နှင့် သင်္ဘောလိုင်း ရုံးချုပ်များဟာ ရေကြောင်းဆိပ်ကမ်းအာဏာပိုင် Maritime Port Authority (MPA) များ မှ ချမှတ်တဲ့ နည်းလမ်းကို တင်းကြပ်စွာ လိုက်နာသင့်ပါတယ်။ပြည်တွင်း သင်္ဘော လိုင်းများအနေနဲ့ ကတော့ ယခုလို ကိုဗစ်ကိစ္စ မပြီးမချင်း သင်္ဘောသား အလုပ်လျှောက်လွှာ လာတင်တာကို ရပ်ဆိုင်း ထားရတော့မှာပါ။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က စင်ကာပူနိုင်ငံ ရဲ့ သင်္ဘောလိုင်း အဖွဲ့ချုပ် Singapore Shipping Association (SSA) ပြောကြားချက်ကတော့ သင်္ဘောသားတွေအနေနဲ့ ကြည့်မယ်ဆိုရင် များသောအားဖြင့် သင်္ဘောသားတွေဟာ သင်္ဘောပေါ်မှာ ရောဂါပိုးမရှိပဲနေကြတာပါ။ရေထဲမှာပဲဆိုတော့ အခြား သွားစရာ ထိတွေ့စရာ မရှိသလို လူစုလူဝေးဖို့ နေနေသာသာ ဘယ်သူနဲ့မှတောင် မတွေ့ရမဆက်ဆံ ရပါဘူး။

 

ထိုသို့ သင်္ဘောပေါ်မှ ဆင်းတဲ့ လုံး၀ ရောဂါပိုး မရှိသူတွေကို ပြင်ပမှ ရောဂါပိုးရှိနိုင်သူတွေနဲ့ လုံးဝအထိအတွေ့မရှိစေပဲ သီးခြား နေစေတာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ရေကြောင်းဆိပ်ကမ်းအာဏာပိုင်များ ကပြောပါတယ်။

 

အဘယ်ကြောင့်ဆိုသော် စင်ကာပူမှာ သင်္ဘောပေါ်မှ ဆင်းလာတဲ့ သင်္ဘောသားများကို အခြား ပြင်ပမှ သူများနဲ့ ရော၍ ၁၄ ရောဂါစောင့်ကြည့်ခံရသော အခါ ရောဂါမရှိတဲ့ သင်္ဘောသားဟာ ရောဂါကူးစက်လာတာကို ရေကြောင်း အာဏာပိုင်များက မြင်တွေ့ရသောကြောင့် အခုအချိန်မှာ စင်ကာပူ နိုင်ငံ မှာ သင်္ဘောသား အတက်ကို လုံးဝပိတ်ပင်လိုက်ပြီး အဆင်းကို သေချာစနစ်ကျသောနည်းလမ်း ဖြင့် ပေးဆင်းဖို့ စီမံနေတာပါ။

 

ရေကြောင်း ကြားခံ အဖွဲ့ အစည်း တစ်ခုရဲ့ တာဝန်ခံ ကူဘ စမန်စကီးပြောကြားချက်ကတော့ လောလောဆယ် ပြန်လာတဲ့ သင်္ဘောပေါ်မှ သင်္ဘောသားများကို ရောဂါပိုးစစ်ပြီး ၄၈ နာရီသာ သီးခြားစောင့်ကြည့်ပါတော့မယ် လို့သိရပါတယ်။စင်ကာပူသာမဟုတ်ပါ ပြီးပြည့်စုံတဲ့ သင်္ဘော ဆိပ်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဒူဘိုင်း ဟာလည်းပဲ သင်္ဘောသား အတက်အဆင်းကိစ္စကို သေချာစွာ ဂရုပြု ဆောင်ရွက်မယ်သိရပါတယ်။

 

Ref : Splash 247

Read times
Rate this item
(2 votes)