Shipment နှင့် Cargo နှစ်မျိုးစလုံးသည် သယ်ယူပို့ဆောင်သည့်ပို့ကုန်များ (သို့မဟုတ်) ကုန်စည်များကို ရည်ညွှန်းသည်။
အဓိကခြားနားချက်သည် Cargo သည် ပို့ကုန်ပစ္စည်းသက်သက်ကိုသာ ရည်ညွှန်းပြီး Shipment ကတော့ ပို့ကုန်ပစ္စည်း တစ်ခုတည်း သာမကပဲ Door to Door service ဖြင့် လိုက်လံပို့ဆောင်ခြင်းကိုပါ ခေါ်ဆိုပါသည်။
Shipment ကိုယေဘူယျအားဖြင့် ၄ မျိုး ခွဲခြားထားပါသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
>>>>>>>>>>>>>>>>>
(၁) အိမ်ထောင်ပရိဘောဂ၊ အနုပညာလက်ရာ၊ အိမ်သုံးပစ္စည်း စသည့် ပစ္စည်းများကို Household goods အဖြစ်လည်းကောင်း၊
(၂) သေးငယ်သည့်လုပ်ငန်းနှင့် ပုဂ္ဂလိကပစ္စည်းများ၊ ကီလိုဂရမ် အနည်းငယ်မျှသာရှိသောပစ္စည်းများ (ဥပမာ စာအိတ်) ကို Express (အမြန်ချောပို့) အဖြစ်လည်းကောင်း၊
(၃) ကီလိုဂရမ် ၅၀ ထက် မပိုသောအထုပ်များ၊ စက္ကူသေတ္တာများ စသည့် ပါဆယ်ထုပ်များကို Parcel shipment အဖြစ်လည်းကောင်း ခွဲခြား သတ်မှတ်ထားသည်။
(၄) Household goods၊ Express နှင့် Parcel မှတစ်ပါး အခြားပို့ဆောင်မှုများကို Freight shipment ဟု ခေါ်ဝေါ်သတ်မှတ်သည်။
Myanmar Logistics Guide