Port News

ကယ်လီဖိုးနီးယားကမ်းခြေ ကွန်တိန်နာသင်္ဘောများ စုပြုံစောင့်နေ

အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ လော့အိန်ဂျယ်လိစ် ဆိပ်ကမ်းနှင့် လောင်းဘိချ် ဆိပ်ကမ်းတို့တွင် ကွန်တိန်နာသင်္ဘောများ စုပြုံရောက်ရှိနေပြီး

အချို့က ကျောက်ချဧရိယာတွင် ကျောက်ချရပ်နားကာ ကမ်းကပ်ခွင့်ရမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ကျောက်ချဧရိယာတွင် သင်္ဘောများ ပြည့်နှက်နေသဖြင့် နေရာမရသည့် သင်္ဘောများက မျောထားရမည့် ဧရိယာတွင် သင်္ဘောကို မျောထားကြရင်း စောင့်ဆိုင်းနေကြသည်။ စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြထားသော သတင်းအရ ကွန်တိန်နာသင်္ဘော စီးရေ ၇၀ ဝန်းကျင် စောင့်ဆိုင်းနေကြသည်။

 

redo-la-lb-2048x1149.jpg


ကမ်းခြေသို့ ရောက်ရှိလာသော ကွန်တိန်နာသင်္ဘောများ တစ်စထက်တစ်စ များပြားလာခဲ့ရာမှ ယခုလို စီးရေ ၇၀ ဝန်းကျင်အထိ များပြာားလာခြင်း ဖြစ်သည်။ စောင့်ဆိုင်းနေသော ကွန်တိန်နာသင်္ဘောများတွင် တင်ဆောင်ထားသည့် ပမာဏမှာ ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသော ပမာဏ (twenty-foot equivalent units- TEU) ၄၃၂,၉၀၉ ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းတွင် Port of Long Beach တွင် ကွန်တိန်နာ အထွက်ထက် အဝင်က ပိုများခဲ့သည်။
Los Angeles နှင့် Long Beach ဆိပ်ကမ်းနှစ်ခုတို့သည် ဩဂုတ်လတွင် ကွန်တိန်နာ ၈၉၃,၁၁၈ TEU ကိုင်တွယ်ပေးခဲ့ကြသည်။ ဩဂုတ်လတွင် လုပ်ကိုင်ခဲ့သော နှုန်းထားဖြင့် စက်တင်ဘာလတွင်လည်း ဆက်လက်လုပ်ကိုင်နိုင်သည် ဆိုပါက အကြမ်းအားဖြင့် တွက်ချက်ခန့်မှန်းထားသည်မှာ နောက်ထပ် ဆိုက်ရောက်လာမည့် ကွန်တိန်နာ သင်္ဘောများကို ထည့်မတွက်ဘဲ ယခု ရောက်ရှိနေသည့် ကျောက်ချဧရိယာနှင့် မျောဧရိယာရှိ ကွန်တိန်နာသင်္ဘောများ အားလုံးကို ကိုင်တွယ်ပေးရန် နှစ်ပတ်ကြာမြင့်မည်။
ယခုအခါ အဆိုပါဆိပ်ကမ်းနှစ်ခုသို့ ဦးတည်ခုတ်မောင်းလာနေသော ကွန်တိန်နာသင်္ဘောများ ပစိဖိတ်သမုဒ္ဒရာအတွင်း ရှိနေသည်ကို MarineTraffic မှာ ထုတ်ပြန်ပေးလျက် ရှိသော သင်္ဘောတည်နေရာပြ အချက်အလက်များအရ သိကြရသည်။

 

los-angeles-map-1536x537.jpg

Port of Los Angeles သို့ ဦးတည်ခုတ်မောင်းနေသော ကွန်တိန်နာ သင်္ဘောများ


Port of Los Angeles က ထုတ်ပြန်သည်မှာ ကမ်းကပ်ခွင့် ရဖို့ ကွန်တိန်နာသင်္ဘောတစ်စီး ပျမ်းမျှအားဖြင့် စောင့်ဆိုင်းရမည့် အချိန်သည် အနည်းဆုံး ၉ ရက် ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ် ၇ ရက်တာ အတွင်း ကွန်တိန်နာသင်္ဘော ၃၆ စီးတို့သည် ၂၃၀,၈၀၃ TEU တင်ဆောင်ကာ ဆိပ်ကမ်းရေပိုက်နက်ထဲသို့ ရောက်ရှိခဲ့ကြသည်။ ထိုပမာဏသည် စောင့်ဆိုင်းနေသော TEU စုစုပေါင်း၏ ၅၄% ရှိသည်။ ထိုကာလမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်က ကွန်တိန်နာ သင်္ဘော ၂၇ စီးတို့သည် ၁၇၆,၈၉၂ TEU တင်ဆောင်ကာ ရောက်ရှိခဲ့ကြပြီး ပမာဏရာခိုင်နှုန်းသည် ၄၂% ရှိသည်။ ကျန်သည့် ကွန်တိန်နာ သင်္ဘောများသည် ဩဂုတ်လကုန် စက်တင်ဘာလဆန်းကာလတွင် ရောက်ရှိခဲ့ကြသည်။
စောင့်ဆိုင်းနေရသည် ကွန်တိန်နာသင်္ဘောများတွင် ရက်အကြာဆုံး ကွန်တိန်နာသင်္ဘောမှာ Serafina ဖြစ်ပြီး ၁,၇၁၃ TEU တင်ဆောင်ထားသည်။ ဆိုက်ရောက်ခဲ့သည့် ရက်မှာ ဩဂုတ် ၂၅ ဖြစ်သည်။ တစ်လနီးပါး ရှိပြီ ဖြစ်သည်။
စောင့်ဆိုင်းနေရသည်မှာ တစ်ပတ်ကျော် ကြာနေပြီ ကွန်တိန်နာ သင်္ဘော အရွယ်အစားအကြီးစားများမှာ
စက်တင်ဘာလ ၇ ရက်တွင် ဆိုက်ရောက်သည့် Maersk Elba 13,092-TEU
စက်တင်ဘာလ ၉ ရက်တွင် ဆိုက်ရောက်သည့် MSC Avni 11,142-TEU
စက်တင်ဘာလ ၁၁ ရက်တွင် ဆိုက်ရောက်သည့် CMA CGM Callisto 11,356-TEU
စက်တင်ဘာလ ၁၂ ရက်တွင် ဆိုက်ရောက်သည့် Hyundai Neptune 10,055-TEU နှင့် MSC Livorno 14,036-TEU
စက်တင်ဘာလ ၁ ၃ရက်တွင် ဆိုက်ရောက်သည့် ONE Blue Jay 14,026-TEU တို့ ဖြစ်သည်။

Read times
Rate this item
(0 votes)