Port News

ရှန်ဟိုင်းနှင့် နင်းဘို ဆိပ်ကမ်းနှစ်ခု ကျောက်ချစောင့်ဆိုင်းသင်္ဘောစီးရေ ထက်ဝက်လျော့ကျ

တရုတ်နိုင်ငံရဲ့ အဓိကျတဲ့ ဆိပ်ကမ်းနှစ်ခု ဖြစ်တဲ့ ရှန်ဟိုင်းနှင့် နင်းဘို ဆိပ်ကမ်းနှစ်ခုမှာ ပြီးခဲ့တဲ့ ၁၈ ရက်အတွင်း ကမ်းကပ်ဖို့ ကျောက်ချစောင့်ဆိုင်းနေတဲ့ သင်္ဘော စီးရေ တက်ဝက် လျော့ကျသွားပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း တရုတ်နိုင်ငံရှိ အဓိကကျတဲ့ ကွန်တိန်နာဆိပ်ကမ်း နှစ်ခုမှာ စောင့်ဆိုင်းနေရတဲ့ သင်္ဘောစီးရေ ကျဆင်းသွားတယ်။ တရုတ်နိုင်ငံရှိ ပြည်ပပို့ကုန် ထုတ်လုပ်တဲ့ စက်ရုံတွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကပ်ဆိုက်နေတဲ့အတွက် ပြည်ပပို့ကုန်ပမာဏ လျော့ကျလာနေတယ်။ အဓိကကျတဲ့ အကျိုးသက်ရောက်မှုက တရုတ်နိုင်ငံ အမျိုးသားနေ့ ရက်ရှည်အားလပ်ရက်သီတင်းပတ် ဖြစ်တဲ့ ရွှေသီတင်းပတ်က အောက်တိုဘာလ ၁ ရက်မှ ၇ ရက်အထိ ဖြစ်ပြီး အားလပ်ရက်ရှည်ကြောင့်လည်း ကုန်ထုတ်လုပ်မှု လျော့ကျလေ့ ရှိပါတယ်။ ပစိဖိတ်သမုဒ္ဒရာ တစ်ဘက်ကမ်းမှာ တည်ရှိတဲ့ အမေရိကန်နိုင်ငံမှာ စားသုံးသူတွေက ဈေးဝယ်ဖို့ တက်ကြွနေကြတာတွေ လျော့ကျလာနေလို့ တရုတ်ပို့ကုန် အမှာစာတွေ အားလျော့လာနေတယ်။
အဲဒီအချက်တွေကြောင့် ဝန်နဲ့ အား မမျှမတ ဖြစ်နေတာ လျော့ကျသွားတယ်။

ဒိန်းမတ်နိုင်ငံ အခြေစိုက် eeSea ရဲ့ အချက်အလက်များအရ ရှန်ဟိုင်းနဲ့ နင်းဘို ဆိပ်ကမ်းနှစ်ခုမှာ ကမ်းကပ်ဖို့ ကျောက်ချစောင့်ဆိုင်းနေတဲ့ အရေအတွက်က စက်တင်ဘာလ ၂၄ ရက်မှာ ကွန်တိန်နာသင်္ဘော ၁၅၃ စီး ရှိပြီး အောက်တိုဘာလ ၁၁ ရက်မှာတော့ ၈၁ စီးသာ ကျန်ရှိပါတယ်။ သီတင်းပတ် နှစ်ပတ်ခွဲအတွင်းမှာ ရာခိုင်နှုန်းအားဖြင့် ၄၇% လျော့ကျသွားခဲ့ပါတယ်။

အစောပိုင်းက သင်္ဘောကျပ်စို့မှုတွေ ဖြစ်ပွားခဲ့တာ တိုင်ဖွန်းချန်သူ( Chanthu ) ကြောင့် အလုပ်ရပ်နားထားရတာရဲ့ အကျိုးဆက်လို့ ယူဆကြပါတယ်။ ရွှေသီတင်းပတ်မှာ ကွန်တိန်နာ ဆိပ်ခံတွေက နေ့စဉ် ၂၄ နာရီ ပတ်လည် အလုပ်လုပ်ကြတာကြောင့် အကြွေးတင်နေတာတွေကို အတော်များများ ရှင်းပေးနိုင်လိုက်တယ်။ စက်ရုံတွေ မီးပြတ်နေလို့ ပို့ကုန်တွေ အချိန်မီ မပြီးတဲ့အပြင် ပမာဏလည်းလျော့ကျသွားတာကလည်း အကြောင်းတစ်ချက် ဖြစ်ပါတယ်။ ပြည်ပပို့ကုန်စီးထွက်မှု သိသိသာသာ လျော့ကျသွားဖို့ မျှော်မှန်းထားကြတယ်။

အတိုင်ပင်ခံ Jon Monroe က “တရုတ်ဆိပ်ကမ်းမှာ စောင့်ရတာ သိပ်မကြာတော့ဘူး။ အများဆုံး တစ်ရက်မှ သုံးရက်အထိပဲ ကြာတော့တယ်။ သူတို့က ၂၄ နာရီပတ်လည် အလုပ်တွေ အရမ်းလုပ်နေကြတယ်။ ပြည်ပပို့ကုန် ကွန်တိန်နာတွေ ရွှေ့တာက သွင်းကုန် ကွန်တိန်နာတွေ ရွှေ့တာထက် ပိုမြန်ပြီး ပိုထိရောက်အောင် လုပ်ပေးနေကြတယ်” လို့ ပြောပြပါတယ်။ တရုတ်ဆိပ်ကမ်းနှစ်ခုက ပုံနေတဲ့ အလုပ်အကြွေးတွေ ပိုမြန်မြန် ရှင်းပေးနေကြတယ်။

အခုလို ရှန်ဟိုင်းနဲ့ နင်းဘို ဆိပ်ကမ်းတွေမှာ အလုပ်အကြွေးရှင်းပေးပြီး သင်္ဘောတွေပေါ်ကို ကွန်တိန်နာတွေကို တင်ပေးနိုင်တာကြောင့် အမေရိကန် ဆိပ်ကမ်းများအပါအဝင် ကွန်တိန်နာတွေ ရောက်စေချင်တဲ့ ဆိပ်ကမ်းတွေကို ကွန်တိန်နာတွေ ပိုများများ ရွေ့နေကြပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရှိ ဆိပ်ကမ်းတွေမှာ သင်္ဘောတွေ ကျပ်စို့နေတာ လျော့ကျသွားပေမဲ့ အမေရိကန် အနောက်ဘက်ကမ်းခြေဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေမှာတော့ သင်္ဘောတွေ ကျပ်စို့နေတာ စံချိန်သစ်တင်နေဆဲ ဖြစ်ပါတယ်။
အဆိုပါ နှစ်ပတ်ခွဲကာလအတွင်းမှာ ကယ်လီဖိုးနီးယားရှိ ဆိပ်ကမ်းနှစ်ခု ဖြစ်တဲ့ လော့စ်အိန်ဂျယ်လိစ်နဲ့ လောင်းဘိချ်တို့ကို ကမ်းကပ်ဖို့ ကျောက်ချပြီး စောင့်နေတဲ့ သင်္ဘောတွေ၊ မျောထားရင်း စောင့်နေတဲ့ သင်္ဘောတွေ စက်တင်ဘာလ ၂၄ ရက်မှာ ၆၂ စီး ရှိပြီး အောက်တိုဘာလ ၁၁ ရက်မှာ ၆၁ စီး ရှိပါတယ်။ ထပ်ရောက်လာနေတဲ့ သင်္ဘောတွေကြောင့် စီးရေ သိသိသာသာ လျော့ကျခြင်း မရှိပေနဲ့ စက်တင်ဘာလ ၁၉ ရက်မှာ စံချိန်တင်ခဲ့တဲ့ စီးရေ ၇၃ စီး စောင့်ဆိုင်းနေခဲ့ကြတာထက်တော့ စီးရေ လျော့ကျသွားပါတယ်။

freightwaves.com

Read times
Rate this item
(1 Vote)