Port News

နင်ဘို ဆိပ်ကမ်း ပြန်နာလန်ထ၊ တီယန်ကျင်းနှင့် ရှန်ကျန်း ဆိပ်ကမ်းများမှာ ကိုဗစ် ဂယက်ထ၊ ရှန်ဟိုင်းမှာ စုပြုံကျ

နင်ဘို ဆိပ်ကမ်း ပြန်နာလန်ထ၊ တီယန်ကျင်းနှင့် ရှန်ကျန်း ဆိပ်ကမ်းများမှာ ကိုဗစ် ဂယက်ထ၊ ရှန်ဟိုင်းမှာ စုပြုံကျ

နင်ဘို ဆိပ်ကမ်းမှာ နောက်ဆုံးကြုံခဲ့သည့် ကိုဗစ်ဂယက်မှ အခြေအနေ ပုံမှန် ပြန်ဖြစ်လာနေစဉ် တရုတ်ဆိပ်ကမ်းများတွင် သင်္ဘောတင်ရန် အချိန်ကြန့်ကြာ ရွှေ့ဆိုင်းမှုများသည် တီယန်ကျင်းဆိပ်ကမ်းနှင့် ရှန်ကျန်းဆိပ်ကမ်များတွင် ဖြစ်ပေါ်နေသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် ဖော်ပြသော သတင်းများအရ နင်ဘိုတွင် ကွန်တိန်နာ ကိုင်တွယ်မှု အပြည့်အဝ ပုံမှန်ပြန်ဖြစ်နေပြီ။ သို့သော် ကုန်တွင်းပိုင်းတွင် ကိုဗစ်ဂယက် ရှိနေဆဲ ဖြစ်သဖြင့် forwarder များသည့် ကွန်တိန်နာများကို ဆိပ်ကမ်းသို့ ပေးပို့သည့် ပုံမှန်အခြေအနေကို ပြန်မရောက်ကြသေးချေ။

Maersk က ပြောကြားသည်မှာ ကုန်တင်ယာဉ်များ ပို့ဆောင်နိုင်စွမ်းသည် ၇၅%အထိ ပုံမှန် ပြန်ဖြစ်နေပြီဖြစ်သော်လည်း ကိုဗစ်ထိထားသည့် ဧရိယာများတွင် ပို့ဆောင်ရေးကို ဆိုင်းငံ့ထားဆဲ ဖြစ်သည်။ nucleic acid test ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် လုပ်ငန်းလည်ပတ်ရာတွင် နှောင့်နှေးကြန့်ကြာမှုူများ ဆက်လက်ဖြစ်ပွားနေသည်။

Shipper များက တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည် မတိုင်ခင်မှာ ကုန်စည်များကို သင်္ဘောတင်နိုင်ရန် မျှော်လင့်တကြီးဖြင့် လုပ်ဆောင်နေကြသော်လည်း ပွဲကျပ်ကို ကြုံနေကြသည်။ တီယန်ကျင်း Tianjin ဆိပ်ကမ်းတွင် ဇီးရိုးကိုဗစ်မူဝါဒအရ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေသည့် ဆိပ်ကမ်းအခြေအနေ ဆိုက်ရောက်နေသည်။
တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်ပြည်မြောက်ပိုင်းတွင် အကြီးမားဆုံး ဆိပ်ကမ်း ဖြစ်ပြီး တစ်နှစ်လျှင် teu သန်း ၂၀ ကိုင်တွယ်သော ဆိပ်ကမ်း ဖြစ်သည်။
မြို့နေ လူဦးရေ ၁၄ သန်းကို nucleic acid test ဆောင်ရွက်နေသည်ဖြစ်ရာ ဆိပ်ကမ်းတွင် အလုပ်ပျက်အကိုင်ပျက် ဖြစ်ကုန်သည်။ ပိုက်စိပ်တိုက် ဆေးစစ်၍ မပြီးသေးသရွေ့ ရေကြောင်း ကုန်စည်များသာမက လေကြောင်းကုန်စည်များလည်း နှောင့်နှေးကြန့်ကြာမည် ဖြစ်သည်။
သွင်းကုန် ကွန်တိန်နာများ ရယူသည့် လုပ်ငန်းစဉ်ကို မဆိုင်းမတွ ရပ်ဆိုင်းထားသည်။ တီယန်ကျင်းလေဆိပ်တွင် ဝန်ထမ်းအင်အား မလုံမလောက် ဖြစ်နေသည်။ အလားတူပင် တီယန်ကျင်း ဆိပ်ကမ်းရှိ ဆိပ်ခံတံတားများတွင်လည်း ဝန်ထမ်းအင်အား မလုံမလောက် ဖြစ်နေသည်။ ပုံမှန်ထက် အနည်းဆုံး ၄၈ နာရီ ပိုမိုကြန်ကြာလိမ့်မည်။

ဘီဂျင်းလေဆိပ် ကုန်စည် ပို့ဆောင်ရေး ပုံမှန်လုပ်ကိုင်လျက် ရှိသည်။ သို့သော် တီယန်ကျင်းမှ ဘီဂျင်းသို့ ထရပ်ကားများ သွားရောက်ခွင့် ပိတ်ပင်တားဆီးထားသည်။

ရှန်ကျန်းမြို့တွင် လူအများအပြားကို ပိုက်စိပ်တိုက် ကိုဗစ်ဆေးစစ်ချက် ရယူခြင်းကို လူနာ ၄ ဦး အုပ်စုလိုက် ကူးစက်မှု ဖြစ်ပွားပြီးနောက် စတင်ခဲ့သည်။ ကျန်းမာရေးဌာနက ယူဆသည်မှာ တင်သွင်းလာသည့် သွင်းကုန်ပေါ်တွင် ကိုဗစ်ဗိုင်းရပ်စ်များ ပါလာပြီး လူကို ကူးစက်ခြင်း ဖြစ်နိုင်သည်။

ရှန်ကျန်းဆိပ်ကမ်းသည် လောလောဆယ်တွင် နင်ဘိုနှင် တီယန်ကျင်း ဆိပ်ကမ်းများကဲ့သို့ပင် လုပ်ငန်းလည်ပတ်လျက် ရှိသော်လည်း ကိုဗစ်ဆေးစစ်ချက် စီမံချက်အရ လုပ်သားများကိုဆေးစစ်ခြင်း၊ ထရပ်ကား အသွားအလာများ ကန့်သတ်တားမြစ်ခြင်းများကြောင့် နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည်။

Fibs Logistics က ရှန်ဟိုင်းဆိပ်ကမ်း လက်ရှိ အခြေအနေကို ပြောပြသည်။ သင်္ဘောများ တစ်ပတ်ခန့် နှောင့်နှေးနိုင်သည်။ နင်ဘိုတွင် ကိုဗစ်ဂယက် ရှိနေသဖြင့် အချို့ ကုန်စည်များကို ရှန်ဟိုင်းဆိပ်ကမ်းသို့ ပြောင်းရွှေ့ သုံးစွဲကြသည့်အတွက် ရှန်ဟိုင်းဆိပ်ကမ်းတွင် စုပြုံကျ နေသည်။
“ဒီပြင်းထန်တဲ့ ဆိပ်ကမ်းကျပ်တည်းပိတ်ဆို့မှုကြောင့် ရေကြောင်းခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်နေစေပါတယ်။ နှောင့်နှေးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဆိုင်းငံ့ထားမှု အများအပြားကိုလည်း ဖြစ်ပေါ်စေပါတယ်။ ထပ်ဆင့်ပို့ဆောင်သူများနှင့် ကုန်တင်ကုန်ချပိုင်ရှင်များအနေဖြင့် လာမည့်လများအတွင်း နောက်ထပ်အခက်အခဲများကို မလွဲမသွေရင်ဆိုင်ရလိမ့်မယ်”
ဟု Fibs Logistics က သုံးသပ်ထားပါသည်။

theloadstar.com

Read times
Rate this item
(0 votes)