Port News

ရေမရှိသောနေရာတွင် တည်ဆောက်ထားသည့် ဆိပ်ကမ်းများ Dry Port

Dry Port ဆိုသည်မှာ တင်စားခေါ်ဝေါ်ထားသည့် အသုံးအနှုန်းဖြစ်ပြီး ပင်လယ်ကူးသင်္ဘော ကုန်တင်၊ကုန်ချလုပ်ငန်းမှလွဲ၍ ဆိပ်ကမ်းတစ်ခု၏ လုပ်ငန်းဆောင်တာများ နှင့် ဝန်ဆောင်မှုများကို ပေးနိုင်သည့်အတွက် ထိုသို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Inland Container Depot (ICD) သည် ဆိပ်ကမ်း နှင့် အလှမ်းကွာဝေးသည့် ကုန်းတွင်းပိုင်းဒေသတွင် တည်ဆောက်ထားသည့် ကုန်သေတ္တာစခန်းဖြစ်ပြီး ရောက်ရှိလာသည့် ကုန်သေတ္တာ နှင့် အတွင်းကုန်ပစ္စည်းများကို ကိုင်တွယ်ပေးခြင်း၊ ယာယီထားသို ပေးခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးသည့် နေရာ တခုလဲ ဖြစ်ခဲ့ပါတယ်။

တစ်နည်းအားဖြင့်ဆိုရပါက Inland Container Depot သည် သင်္ဘောကုန်တင်ကုန်ချ လုပ်ငန်းမှအပ ကုန်သေတ္တာဆိပ်ကမ်း တံတားတစ်ခု၏ လုပ်ငန်းများကို ဝန်ဆောင်မှုပေးသည့်နေရာတခုလဲ ဖြစ်ပါတယ်။ Dry Port နှင့် Inland Container Depot တို့သည် သဘောတရား နှင့် လုပ်ငန်းဆောင်ရွက်သည့်ပုံစံခြင်းတူညီသော်လည်း ကွဲပြားခြားနားချက်မှာ Dry Port သည် ကုန်ပစ္စည်းအားလုံးကို ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ICD သည် ကုန်သေတ္တာ တစ်မျိုးတည်း ကိုသာ အထူးပြုလုပ်ငန်းဆောင်ရွက်ခြင်းလဲ ဖြစ်ခဲ့ပါတယ်။

Dry Port နှင့် Inland Container Depot ကို အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အနည်းငယ် ကွဲပြားခြားနားချက်ရှိသော်လည်း အဆိုပါစကားလုံးများကို အလဲအလှယ်ဖြင့်သုံးစွဲလေ့ရှိကြပါတယ်။

Dry Port တစ်ခုကို ကုန်သေတ္တာလွင်ပြင်၊ ကုန်သေတ္တာပစ္စည်း သိုလှောင်ရုံ၊ ကုန်သိုလှောင်ရုံ၊ အကောက်ခွန်ရုံးခန်း၊ ကုန်သေတ္တာပြုပြင်ထိန်းသိမ်းရန် အထောက်အကူပြုပစ္စည်းများ၊ ကုန်ကိုင်တွယ် ကိရိယာများ၊ ပစ္စည်းလုံခြုံမှုအတွက် ဝင်းတံခါးများတို့ဖြင့် ဖွဲ့စည်းထားခဲ့ပြီး Dry Port နှင့် ဆိပ်ကမ်းကို အဓိကအားဖြင့် ရထားလမ်းဖြင့် ဆက်သွယ်ထားခဲ့ပြီး၊ တည်ရှိသည့်နေရာဒေသပေါ် မူတည်၍ ပြည်တွင်းရေကြောင်း လမ်းကြောင်းများဖြင့်လည်းဆက်သွယ်နိုင်ပါတယ်။

Source : Myanmar Logistics Guide

Read times
Rate this item
(0 votes)