Port News

ဂျော်ဒန်မှ ဆိပ်ကမ်း ကလိုရင်းဓာတ်ငွေ့ကြောင့် ၁၂ ဦး သေဆုံး

ဂျော်ဒန်မှ ဆိပ်ကမ်း ကလိုရင်းဓာတ်ငွေ့ကြောင့် ၁၂ ဦး သေဆုံး

 

ဂျော်ဒန်နိုင်ငံ Aqaba ဆိပ်ကမ်းရှိ သိုလှောင်ကန်တစ်ခုမှ ကလိုရင်းဓာတ်ငွေ့များ ထွက်ကျခြင်းကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂၅၁ ဦး ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများက တနင်္လာနေ့ (ဇွန် ၂၇ ရက်)တွင် ဖော်ပြခဲ့ပါသည်။

 Djibouti သို့ တင်ပို့မည့် ကလိုရင်းဓာတ်ငွေ့ ၂၅ တန်ပါသည့် သိုလှောင်ကန်တစ်ခု ပြုတ်ကျပြီးနောက်  ကလိုရင်းဓာတ်ငွေ့များ ထွက်ကျမှုဆိုးတိုးဝါးဝါး ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

 နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန Jordan TV ၏ တွစ်တာစာမျက်နှာတွင် လွှင့်တင်ထားသည့် ဗီဒီယိုတွင် သိုလှောင်ကန်တစ်ကန်သည် ဝန်ချီစက် ချိတ်မထားရာမှ ပြုတ်ကျကာ သင်္ဘောကုန်းပတ်ပေါ်သို့ ထိုးကျကာ အဝါရောင်ဓာတ်ငွေ့များ လေထဲသို့ အလုဲးအရင်းဖြင့်  ထွက်ကျလာသည်ကို တွေ့ရသည်။ လူများ ထွက်ပြေးကြသည်ကိုလည်း တွေ့ရသည်။

 

 လူအနည်းငယ်သာ ဆေးရုံ ဆက်တင်ထားရသည်ဟု မျှော်လင့်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 Aston Martin 2

ကလိုရင်းသည် အသုံးများသော ပိုးသတ်ဆေးနှင့် ရေသန့်စင်ရန်သုံးသည့် ဓာတ်ပစ္စည်း ဖြစ်သော်လည်း ရှူသွင်းလိုက်လျှင် ဓာတ်ငွေ့များသည် အဆုတ်အတွင်း လောင်ကျွမ်းခြင်းနှင့် မွန်းကျပ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ အဆုပ်က တုံ့ပြန်ရန် ရေထုတ်ပေးသည့်အခါ ဓာတ်ငွေ့များသည် ဟိုက်ဒရိုကလိုရစ်အက်ဆစ်အဖြစ် ပြောင်းလဲသွားသည်။

 

ဂျော်ဒန်နိုင်ငံရှိ Aqabaတွင် ဂျုံသုိ‌ေလှာင်သည့် ဆိုင်လိုများ ရှိနေသည်ဖြစ်ရာ ဆိုင်လိုများတွင် သိုလှောင်ထားသည့် ဂျုံများ ကလိုရင်းဓာတ်ငွေ့ကြောင့် ထိခိုက်မှု ရှိမရှိ စစ်ဆေးရန် လိုအပ်သဖြင့် လုပ်ငန်း ရပ်ဆိုင်းထားသည်။ 

 Aqaba ဆိပ်ကမ်းတွင် ရေကြောင်းသွားလာမှုမှာ ပုံမှန်အခြေအနေတွင် ပြန်ရောက်ရှိနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ဂျုံတင်ဆောင်သည့် သင်္ဘောများ မရှိခဲ့ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

#MyanmarLogisticsGuide
Telegram Channel

https://t.me/Guid4U/349

https://t.me/Guid4U

 

Source: Reuters

 

MLG

Read times
Rate this item
(0 votes)