Port News

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပင်လယ်-ရထားလမ်း ကြားခံပါဝင်သော ကွန်တိန်နာဂိတ်သစ် ဖွင့်လှစ်

တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ပင်လယ်-ရထားလမ်း ကြားခံပါဝင်သော ကွန်တိန်နာဂိတ် ပထမအဆင့်ကို အင်္ဂါနေ့က တရုတ်နိုင်ငံ တောင်ဘက်ရှိ ကွမ်ရှီးကျန်း ဒေသတွင် စတင် လည်ပတ်ခဲ့ပါတယ်။

ပထမအဆင့်တွင် တန်ချိန် ၁ သိန်းဆန့် ကွန်တိန်နာများ ဆိုက်ကပ်နိုင်မည့် အကျယ်အဝန်းနှစ်ခုပါဝင်ပြီ ကွန်တိန်နာပေါင်း ၁.၀၂ သန်းကို ကိုင်တွယ်နိုင်ဖို့အတွက် ဒီဇိုင်းဖန်တီးထားပါတယ်။

တစ်နှစ်ကို ကွန်တိန်နာပေါင်း ၁.၀၂ သန်း ကိုင်တွယ်နိုင်ဖို့အတွက် ဒီဇိုင်းဖန်တီးထားပြီ ပထမအဆင့်တွင် တန်ချိန် ၁သိန်းဆန့် ကွန်တိန်နာဆိုင်ကပ်နိုင်မည့် နေရာနှစ်ခုပါဝင်ပါတယ်။

တစ်နှစ်လျှင် စံကွန်တိန်နာ ၁.၆ သန်း ကိုင်တွယ်နိုင်ဖို့အတွက် ဆောက်လုပ်ဆဲဖြစ်တဲ့ ဒုတိယအဆင့်မှာတော့ တန်ချိန် ၂သိန်း ကိန်တွန်နာများဆိုက်ကပ် နိုင်မည့် နေရာနှစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဒုတိယအဆင့်အပိုင်းကိုတော့ ၂၀၂၃ မှာ လုပ်ငန်းစတင်လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Qinzhou၊ Fangcheng နှင့် Beihai ဆိပ်ကမ်းများ အပါအဝင် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် New International Land-Sea Trade Corridor တွင် အရေးကြီးသော သယ်ယူပို့ဆောင်ရေးနေရာတစ်ခုဖြစ်ပြီး တရုတ်အနောက်ပိုင်းနှင့် စင်ကာပူနိုင်ငံတို့ရဲ့ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံရှိ ဒေသကြီး ၁၄ ခုကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၇ ခုရှိ ဆိပ်ကမ်းပေါင်း ၃၁၆ ခုတို့နဲ့လည်း ချိတ်ဆက်ထားတယ်လို့လည်း သိရပါတယ်။

Aston Martin 2

သယ်ယူပို့ဆောင်ရေးအတွက် လျင်မြန်စွာတိုးတက်လာဖို့အတွက် ပင်လယ် နှင့် ရထားလမ်းကြောင်း ဝန်ဆောင်မှု ကွန်တိန်နာဂိတ်သစ်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ New International Land-Sea Trade Corridor တွင် ပြေးဆွဲနေသော ရထားအရေအတွက်ကတော့ ၂၀၁၇ ခုနှစ်မှာ ၁၇၈ စီးရှိပြီတော့ ၂၀၂၁ ခုနှစ်မှာ အစီးရေ ၆၁၁၇ စီးအထိ တိုးလာခဲ့ပါတယ်။

ယခုနှစ် ပထမငါးလတွင် Qinzhou ဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် သွင်းကုန် တင်ပို့မှုက တစ်နှစ်ထက်တစ်နှစ် ၂၈.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်ယွမ် ၂၆.၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံခန့်) ထိရှိခဲ့ပါတယ်။

အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှု RCEP အဖွဲ့ဝင်များက ပိုမိုကောင်းမွန်သော ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေဖို့အတွက် ကူညီထောက်ပံ့မှုပေးဖို့ရှိတယ်လို့ Qinzhou ဆိပ်ကမ်းမှ အကောက်ခွန်အရာရှိ Zhu Kuirui က ပြောကြားခဲ့ပါတယ်။

Written By Aung Win (Myanmar Logistic Guide)

Ref: Global China Daily CN

Read times
Rate this item
(0 votes)