Port News

စူးအက်တူးမြောင်း တစ်နှစ်တာ ဝင်ငွေ စံချိန်အသစ်တင်

စူးအက်တူးမြောင်း တစ်နှစ်တာ ဝင်ငွေ  စံချိန်အသစ်တင်

 

အီဂျစ် စူးအက်တူးမြောင်း အာဏာပိုင်က တူးမြောင်းသက်တမ်းတစ်လျှောက် စံချိန်တင် တတစ်နှစ်တာ ဝင်ငွေ  ရရှိကြောင်း တနင်္လာနေ့ (ဇူလိုင် ၄ ရက်) မှာ ‌ကြေညာချက် ထုတ်ပြန်ပါတယ်။ ဘဏ္ဍာနှစ်အတွင်း တူးမြောင်းအသုံးပြုခများ အကြိမ်ကြိမ် တိုးမြှင့်စည်းကြပ်ခဲ့ပြီး တစ်နှစ်တာဝင်ငွေ  ကန်ဒေါ်လာ ၇ ဘီလီယံ ရရှိခဲ့ကြောင်း  ကြေညာခဲ့ပါတယ်။

 

အီဂျစ်နိုင်ငံ ဘဏ္ဍာရေးနှစ် သတ်မှတ်ပုံအရ ဇူလိုင် ၂၀၂၁ မှ ဇွန် ၂၀၂၂ အထိ ဘဏ္ဍာရေးနှစ်အတွင်း ကုန်စည်တန်ချိန် ၁.၃၂ ဘီလျံကို တူးမြောင်းဖြတ်သန်းပြီး ပို့ဆောင်ခဲ့ကြတယ်လို့ စူးအက်တူးမြောင်း အာဏာပိုင် Suez Canal Authority (SCA) အဖွဲ့ ဥက္ကဋ္ဌ Osama Rabie က ပြောကြားပါတယ်။

ယခင်နှစ်က တူးမြောင်းဖြတ်သန်းခ ကန်ဒေါ်လာ ၅.၈ ဘီလျံ ရရှိခဲ့ပါတယ်။ ယခုနှစ်မှာ ယခင်နှသ်ထက် ငါးပုံတစ်ပုံ ပိုရရှိခဲ့ပြီး တစ်နှစ်တာဝင်ငွေ အများဆုံးစံချိန်သစ် တင်ပါတယ်။

" ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် စူးအက်တူးမြောင်း အရေးကြီးမှုကို ကမ္ဘာ့အကျပ်အတည်းများက သက်သေပြခဲ့ပါတယ်" ဟု Rabie လို့ တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ပင်လယ်နီနှင့် မြေထဲပင်လယ်တို့ကို ဆက်သွယ်ပေးထားတဲ့ စူးအက်တူးမြောင်းကုိ ကမ္ဘာ့‌ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးရဲ့ ၁၀% ဝန်းကျင်အတွက် အသုံးပြုပါတယ်။

 6Th floor 2

စူးအက်တူးမြောင်းက  ငွေကြေးဖောင်းပွမှုနှင့်  ငွေကြေးတန်ဖိုးကျဆင်းမှုကို တိုက်ဖျက်နေရတဲ့  အီဂျစ်အတွက် အလွန်အမင်းလိုအပ်နေတဲ့ နိုင်ငံခြားသုံးငွေ ပုံမှန်ဝင်ငွေ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

SCA က တူးမြောင်းဖြတ်သန်းခကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

 

ဧပြီလမှာ လစဉ်ဝင်ငွေ အမြင့်မားဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။ ကန်ဒေါ်လာ ၆၂၉ သန်း ရရှိခဲ့ပါတယ်။ 

#MyanmarLogisticsGuide 

Telegram Channel
https://t.me/Guid4U

Source: AFP

Read times
Rate this item
(1 Vote)