Port News

ကွန်တိန်နာလိုင်း MSC က ဗီယက်နမ်မှာ မီဂါကွန်တိန်နာဆိပ်ခံ တည်ဆောက်ရန် အဆိုပြုလွှာတင်သွင်းထား

ကွန်တိန်နာလိုင်း MSC က ဗီယက်နမ်မှာ မီဂါကွန်တိန်နာဆိပ်ခံ တည်ဆောက်ရန် အဆိုပြုလွှာတင်သွင်းထား

 

ဗီယက်နမ်နိုင်ငံမှာ အကြီးမားဆုံး မီဂါကွန်တိန်နာဆိပ်ခံ တည်ဆောက်မယ့် အစီအစဉ်ကို ကွန်တိန်နာသင်္ဘောလိုင်း Mediterranean Shipping Co (MSC) က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံ အဆိုပြုလွှာ တင်သွင်းထားပါတယ်။

MSC ရဲ့လက်အောက်ခံ ဆိပ်ကမ်းလုပ်ငန်းခွဲ Terminal Investment Limited (TIL) က ဗီယက်နမ်မှ Vietnam National Shipping Lines ၊ ဆိုင်ဂုံဆိပ်ကမ်းတို့နှင့် အတူပူးပေါင်းပြီး မီဂါကွန်တိန်နာဆိပ်ကမ်းကို အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ စီမံကိန်းတည်နေရာက ဟိုချီမင်းစီးတီး တောင်ဘက်မှာ တည်ရှိတဲ့ Can Gio ဆိပ်ကမ်း ဖြစ်ပါတယ်။

ဆိပ်ခံအလျား ၇.၂ ကီလိုမီတာ ရှိမှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာများ ဆိုက်ကပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်နှစ်လျှင် TEU  ၁၀ သန်း ကိုင်တွယ်ပေးနိုင်ပါမယ်။ 

ခွင့်ပြုချက် ရရှိတဲ့အခါ TIL နှင့် ၎င်းရဲ့ စီးပွားဖက်များက ၂၀၂၄ မှာ ပထမအဆင့်ကို စတင်ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ၄ နှစ်အကြာမှာ ပြီးစီးဖို့ လျာထားပါတယ်။ 

#MyanmarLogisticsGuide 

Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)