Port News

စစ်ရေးလေ့ကျင့်မှု မပြီးသေးဟု ဆိုသော်လည်း တိုင်ဝမ်တစ်ဝိုက် သင်္ဘောများ ပုံမှန်သွားလာ

စစ်ရေးလေ့ကျင့်မှု မပြီးသေးဟု ဆိုသော်လည်း တိုင်ဝမ်တစ်ဝိုက် သင်္ဘောများ  ပုံမှန်သွားလာ

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု တွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုန်သွယ်ရေကြောင်းသင်္ဘောများ ထိုင်ဝမ်‌ေရလမ်းကြောင်းများကို ပြန်လည်အသုံးပြုကြပါတယ်။ တိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုက သင်္ဘောများကို ထိခိုက်မှုအရေး ရှိနေပေမဲ့ အချို့သင်္ဘောများက စစ်ရေးလေ့ကျင့်မှုဇုန်ထဲ ဖြတ်သန်း ခုတ်မောင်းကြပါတယ်။

အကြီးအကျယ် စစ်ရေးလေ့ကျင့်မှုများ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပြီး တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု အသစ်ကို တိုင်ဝမ်ကျွန်းအနီး လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပေမဲ့ တနင်္လာနေ့မှာ ကုန်သွယ်ရေကြောင်း သင်္ဘောများ ပုံမှန်အားဖြင့် သွားလာနေကြတာကို တွေ့ကြရပါတယ်။

 

Annotation_2022-08-08_214352.jpg

 

အဝါရောင် အစက်အပြောက်များသည် သင်္ဘောများ ဖြစ်ပါသည်။ ဩဂုတ် ၈ ရက် ဟောင်ကောင်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ရယူခဲ့သော ပုံဖြစ်ပါသည်။

 စစ်ရေးလေ့ကျင့်မှု ဧရိယာများကို အကွက်များ ဆွဲပြပေးထားပါသည်။

 

ထိုင်ဝမ်ရဲ့ ပင်မဆိပ်ကမ်းတောင်ဘက်ရှိ တရုတ်စစ်ရေးလေ့ကျင့်မှုဇုန်ကို စနေနေ့ကတည်းက သင်္ဘောအစီးရေ ၄၀ ကျော် ဖြတ်သန်းသွားလာခဲ့ကြကြောင်း Bloomberg မှ ထုတ်ပြန်တဲ့ သင်္ဘောသွားလာမှု အချက်အလက်များအရ သိရပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ပြီးခဲ့သည့် သီတင်းပတ်တွင်  ထိုင်ဝမ်သို့ လာရောက်တဲ့ ခရီးစဉ်အပြီးတွင် တရုတ်အစိုးရက ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး စစ်ရေးလေ့ကျင့်မှုကို တိုင်ဝမ်ကျွန်း ပတ်ပတ်လည် ကျွန်းအနီး ကမ်းလွန်မှာ စတင်ခဲ့ပါတယ်။

ထောက်ပံ့ရေးကွင်းဆက်များနှင့် ကုန်စည်စီးဆင်းမှုများအတွက် အဓိကလမ်းကြောင်းဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြားတွင် သင်္ဘောသွားလာခြင်းများ မတင်မကျ အခြေအနေကို ရင်ဆိုင်ရပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

အချို့သင်္ဘောပိုင်ရှင်များက ၎င်းတို့ရဲ့ ရေယာဉ်များကို ရေလက်ကြားဖြတ်သန်းခြင်းမပြုရန် တားမြစ်ထားကြပါတယ်။  လေ့ကျင့်ရေးဇုန်များအတွင်း သွားလာခြင်းကို တားမြစ်ထားကြပါတယ်။ 

 

ကုန်သွယ်ရေကြောင်း သင်္ဘောများက ထိုင်ဝမ်တောင်ပိုင်းရှိ  အဓိကဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ကောင်ရွှန်းဆိပ်ကမ်းသို့ သွားဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ ဆိပ်ကမ်းရဲ့ ကမ်းလွန်တစ်နေရာမှ ကြီးမားသောလေ့ကျင့်ရေးဇုန်ကို ရှောင်ရှားခဲ့ကြပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့တွင် အပြီးသတ်ရန် စီစဉ်ထားပါတယ်။

 

ဒါပေမဲ့ ထိုင်ဝမ်ကျွန်းအနီး ဝေဟင်နဲ့ ပင်လယ်ပြင်မှာ တနင်္လာနေ့က ရေငုပ်သင်္ဘော တိုက်ခိုက်ရေးနဲ့ ရေတပ်တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ နေရာအတိအကျကိုတော့ ပြောကြားခြင်း မပြုပါဘူး။  ၄ ရက်တိုင်တိုင် ယခင်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ဆက်နွှယ်ခြင်း ရှိမရှိကိုလည်း ပြောကြားခြင်း မပြုပါဘူး။ ထိုင်ဝမ်အနီးတွင် လက်နက် အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှုများအတွက် တရုတ်က ရေကြောင်းသွားလာမှုဆိုင်ရာ သတိပေးချက်အသစ်ကို ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

 

"ဧရိယာအတွက် နောက်ထပ်သတိပေးချက်မထုတ်ပြန်သေးတာကြောင့် သင်္ဘောကုမ္ပဏီတွေအနေနဲ့ လောင်စာဆီ သက်သာအောင်၊ ခရီးကြာချိန် ပုံမှန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့အတွက် စစ်ရေးလေ့ကျင့်နေတဲ့ ဇုန်ခြောက်ခုကို ဖြတ်ပြီး သင်္ဘောခရီးစဉ်တွေကို ပြန်လည်စတင်ကြမှာပဲ ဖြစ်ပါတယ်" လို့ လေ့လာဆန်းစစ်သူ Ridzwan Rahmat က ပြောကြားပါတယ်။

 

တနင်္လာနေ့တွင် ရေကြောင်းနှင့် လေကြောင်းခရီးများ ၎င်းတို့ရဲ့ မူလလမ်းကြောင်းများ အသုံးပြုကာ ပြန်လည်စတင်ကြပြီး  ပုံမှန်အတိုင်း လုပ်ဆောင်နေကြောင်း  ကုန်စည်စလှယ် တင်ပို့ရေး ဝန်ဆောင်မှု လုပ်ကိုင်သူများက ပြောကြားကြပါတယ်။

 

 ရေလက်ကြားကို ရှောင်ရှားနေရင် ကုန်ပစ္စည်းများ အချိန်မီ မပို့ဆောင်နိုင်တဲ့အတွက် စာချုပ်အရ  နောက်ကျကြေး လျော်ကြေးများ ပေးရမယ့်အရေးက အကုန်အကျ ကြီးမားနေတာကြောင့် သင်္ဘောများ ပုံမှန်သွားနေကျအတိုင်း ခုတ်မောင်းကြတယ်လို့ ကုန်သွယ်ရေကြောင်း ကျွမ်းကျင်သူတို့က ပြောကြားကြပါတယ်။

သင်္ဘောများပေါ်မှ ကုန်စည်များရဲ့ တန်ဖိုးက အလွန်ကြီးမားတဲ့အတွက် ကုန်သွယ်ရေကြောင်း သင်္ဘောများ မူလအစီအစဉ်အတိုင်း ခုတ်မောင်းကြရကြောင်း၊ ဆိပ်ကမ်းကပ်ပြီး ကုန်ချကြရကြောင်း ၎င်းတို့က ပြောကြားပါတယ်။

 

Trident LNG မှ ကုန်သွယ်ရေးနှင့် အကြံပေး ဌာနမှူး Toby Copson က 'စိုးရိမ်စရာဖြစ်နေတာ မှန်ပေမဲ့  တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ မတော်တဆ ထိခိုက်မှာကို မလိုလားဘူးလို့ ကျွန်တော် ယူဆပါတယ်" လို့ သုံးသပ်ပါတယ်။

 

အရှေ့အလယ်ပိုင်း‌ဒေသမှ ရေနံစိမ်းများ တင်ဆောင်လာသော စူပါ‌ရေနံတင်သင်္ဘော Barakah သည် ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်း မြောက်ဘက်စွန်းရှိ Sha Lung ဆိပ်ကမ်းသို့ လမ်းကြောင်းပြောင်း ရှောင်တိမ်းပြီးနောက် တနင်္လာနေ့တွင် Kaohsiung တွင် ရပ်နားခဲ့ကြောင်း Bloomberg မှ ပြုစုထားသော အချက်အလက်များအရ သိရပါတယ်။

ရေနံစိမ်းတင်သင်္ဘော Ghinah ကလည်း Sha Lung သို့ လမ်းကြောင်းပြောင်းပြီးနောက် Kaohsiung သို့ ပြန်လာနေပါတယ်။

သဘာဝဓာတ်ငွေ့ရည် သင်္ဘောနှစ်စင်းတို့က ကမ်းလွန်ပင်လယ်ပြင်တွင် ရက်အနည်းငယ်ကြာ ရှိနေခဲ့ကြပြီးနောက် တနင်္လာနေ့တွင် ထိုင်ဝမ်ဆိပ်ကမ်းများသို့ ရောက်ရှိလာခဲ့ကြောင်း အချက်အလက်များအရ သိရပါတယ်။

 

ထိုင်ဝမ်ရေလက်ကြားအပြင်ဘက် လွတ်လွတ်ကင်းကင်းတွင်  တရုတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ အခြားနေရာများတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက် ရှိကြောင်း တရုတ်ပြည်က လူသိရှင်ကြား ထုတ်ပြန်ကြေညာထားပါတယ်။ 

 အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါ တောင်ဘက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်မှ ၁၅ ရက်အထိ  ပြုလုပ်မှာဖြစ်ပြီး လက်နက်ကြီး အစစ်များဖြင့်  ပစ်ခတ်မှုများ ပါဝင်တယ်လို့ ဆိုပါတယ်။

 

တရုတ်ပြည် မြောက်ဘက်ရှိ ဘိုဟိုင်းပင်လယ် နေရာအချိုတွင် စစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၈ ရက်မှ တစ်လကြာ ပြုလုပ်မည်ဖြစ်ပြီး သင်္ဘောများ ဧရိယာအတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ရန် ပင်လယ်ရေကြောင်း ဘေးကင်းရေး စီမံခန့်ခွဲရေးဌာနက သတိပေးထားပါတယ်။ 

 

"ထိုင်ဝမ်ရေလက်ကြားက အရေးပါတဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်း တစ်ခု ဖြစ်ပါတယ်" လို့ Ridzwan က ပြောာကြားပါတယ်။

"ဘိုဟိုင်းနှင့် ပင်လယ်ဝါ တစ်ဝိုက် စစ်ရေးလေ့ကျင့်တာက တိုင်ဝမ်ရေလက်ကြားလို သက်ရောက်မှု မကြီးမားပါဘူး။ ကွန်တိန်နာသင်္ဘော အငယ်စား feeder ကွန်တိန်နာသင်္ဘောတွေက တရုတ်ဆိပ်ကမ်းတွေအတွက် သွားလာကြတဲ့ ရေလမ်းကြောင်းတွေ များပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

Source: Bloomberg

Read times
Rate this item
(0 votes)