Port News

စင်ကာပူရှိ ဆိပ်ကမ်းများ ပေါင်းစည်း

စင်ကာပူရှိ ဆိပ်ကမ်းများ ပေါင်းစည်း

စင်ကာပူနိုင်ငံမှ Tuas Port သည် ကမ္ဘာ့အကြီးမားဆုံး အပြည့်အဝ အလိုအလျောက် ဆိပ်ကမ်း ဖြစ်လာမည်။

စင်ကာပူအစိုးရက စင်ကာပူရှိ ဆိပ်ကမ်းလုပ်ငန်းများကို တစ်နေရာတည်းမှာ စုစုစည်းစည်း ထားရှိရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။

 

Annotation_2022-08-22_162329.jpg

လက်ရှိတည်ရှိပြီးသား ဆိပ်ခံများ ဖြစ်ကြသည့် 

 Tanjong Pagar, 

Brani, 

Keppel, 

Pasir Panjang 

ဆိပ်ခံများကို မဟာဆိပ်ကမ်းကြီး ဖြစ်လာမည့် Tuas သို့ ပြောင်းရွှေ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ လည်ပတ် လုပ်ကိုင်စေမည်ဖြစ်ရာ Tuas သည် မီဂါဆိပ်ကမ်း   mega port တစ်ခုအဖြစ်သို့ ရောက်ရှိမည် ဖြစ်သည်။

ယခုအခါ ဆိပ်ကမ်းလုပ်ငန်းများကို Tuas သို့ စတင်ရွှေ့ပြောင်းပေးပြီးပြီ ဖြစ်သည်။ ၂၀၂၁ ဒီဇင်ဘာလတွင် ဆိပ်ခံ အသစ်နှစ်ခု ဆိပ်ကမ်းလုပ်ငန်း စတင်လည်ပတ်ခဲ့ပါသည်။ 

စင်ကာပူနိုင်ငံ အမျိုးသားနေ့တွင် ဝန်ကြီးချုပ် လီရှန်လွန်းက မိန့်ခွန်းပြောကြားရာတွင် Tuas Port ဆိပ်ကမ်းသစ်သည် ကမ္ဘာ့အကြီးမားဆုံး အပြည့်အဝ အလိုအလျောက် ဆိပ်ကမ်း ဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။

Tuas Port တွင် ဉာဏ်ရည်တု Artificial intelligence AI ဖြင့် လုပ်ငန်းလည်ပတ်မှုများကို ဟန်ချက်ညီညီ စည်းဝါးကိုက် ဖြစ်နေစေမည်။ သင်္ဘောများကို စီမံခန့်ခွဲခြင်းမှအစ ဆိပ်ကမ်း ရှင်းလင်းရေး စာရွက်စာတမ်းကိစ္စအဝဝ အဆုံး AI က ညှိနှိုင်းပေါင်းစပ် ပေးမည်ဖြစ်သည်။

ကုန်တင်ယာဉ်များတွင် ယာဉ်မောင်း မပါသည့် မောင်းသူမဲ့ အလိုအလျောက်ထိန်းကျောင်းပေးသည့် AGV (Automated Guided Vehicle)များကို ဆိပ်ကမ်းအတွင်း အသုံးပြုမည် ဖြစ်သည်။ 

 

Tuas-Port-Singapore-ST-photo.jpg

 

Tuas Port သည် ယခုအခါ ပထမအဆင့် တည်ဆောက်ပြီးစီးပြီ ဖြစ်သည်။ phases  II, phases III, phase IV တို့ကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

 နှစ်ပေါင်း ၂၀ အကြာတွင် အပြည့်အဝ ပြီးစီးမည် ဖြစ်သည်။ တစ်နှစ်လျှင် TEU ၆၅ သန်း ကိုင်တွယ်ပေးနိုင်မည် ဖြစ်သည်။ 

 ၂၀၂၁ ခုနှစ်တွင် စင်ကာပူသည် TEU ၃၇.၅ သန်း ကိုင်တွယ်ပေးခဲ့ပါသည်။

 #MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 Source:ANN

Read times
Rate this item
(0 votes)