Port News

စင်ကာပူ မီဂါဆိပ်ကမ်း Tuas တရားဝင် စတင်ဖွင့်လှစ်

စင်ကာပူ မီဂါဆိပ်ကမ်း Tuas တရားဝင် စတင်ဖွင့်လှစ်

နောင်တစ်ချိန်တွင် ကမ္ဘာ့အကြီးဆုံး အပြည့်အ၀ အလိုအလျောက် ဆိပ်ကမ်းဖြစ်လာမည့် Tuas ဆိပ်ကမ်း၏ ပထမအဆင့်ကို ကြာသပတေးနေ့ (စက်တင်ဘာလ ၁ ရက်)တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး  အလုပ်သမားဦးရေ ၅၀၀ ဖြင့် ဆိပ်ခံသုံးခု လုပ်ငန်းလည်ပတ်ပါသည်။

.

ဆိပ်ကမ်းဖွင့်ပွဲတွင် ဝန်ကြီးချုပ် လီရှန်လွန်းက ဆိပ်ကမ်းသည် စင်ကာပူနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်ပေးမည့် အရေးပါသော အင်ဂျင်ဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းဗဟိုချက်အဖြစ် ၎င်း၏ အဆင့်အတန်းကို အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

.

 ဆိပ်ကမ်းရှိ ကွန်တိန်နာများကို ကရိန်းများဖြင့် ထရပ်ကားပေါ် နေရာချထားပြီးသည်နှင့် မောင်းသူမဲ့ ထရပ်ကားများဖြင့် ဆိပ်ကမ်းအတွင်း ပို့ဆောင်ပေးသည်။

 .

အသက် ၅၁ နှစ်ရှိပြီဖြစ်သော Mr Syed Ali သည် ဆိပ်ကမ်းများတွင် ကရိန်းများကို လုပ်ကိုင်ခဲ့သည်မှာ ၂၈ နှစ် ရှိပြီဖြစ်သည်။  Tuas ဆိပ်ကမ်းရှိ စက်ပစ္စည်းများသည် သူ အလုပ်လုပ်ပုံပြောင်းသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူသည် Pasir Panjang ဆိပ်ခံတွင် ကုန်စည်သေတ္တာများရွှေ့ရန်အတွက် ကရိန်းအမြင့်ပေါ်သို့ တက်ပြီး ရှစ်နာရီကြာ လုပ်ကိုင်ခဲ့သည်။

အမြင့်သို့ မတက်ခင် အိမ်သာဝင်ရသည်။ ကရိန်းအမြင့်ပေါ် အဆာပြေစားဖို့ စားစရာ စီစဉ်ရသည်။

ယခု၊ Tuas တွင် သူသည် လေအေးပေးစက်ခန်းထဲမှ ကရိန်းများကို ထိန်းကျောင်းရသဖြင့် သက်သောင့်သက်သာ ရှိသည်။

 

tuas.jpg

 

.

Tuas ဆိပ်ကမ်းကို အဆင့်လေးဆင့်ဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။  ၂၀၄၀ ခုနှစ်နောက်ပိုင်းတွင် ပြီးစီးမည်။ Keppel, Brani, Pasir Panjang,  Tanjong Pagar တို့မှ ဆိပ်ကမ်းလုပ်ငန်းများ Tuas ဆိပ်ကမ်းတွင် လာစုပြီး လုပ်ကိုင်ကြရမည်။

.

စင်ကာပူ၏ လက်ရှိ စွမ်းဆောင်ရည်ထက် သုံးပုံတစ်ပုံ ပိုများမည်ဖြစ်ပြီး တစ်နှစ်လျှင် TEU ၆၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည်။

.

Tuas ဆိပ်ကမ်းကို ကြာသပတေးနေ့တွင် တရားဝင်ဖွင့်လှစ်ထားသော်လည်း ကိုဗစ်ကာလ ပစ္စည်း ပို့ဆောင်ရေးကွင်းဆက် အကျပ်အတည်းအတွင်း စင်ကာပူ၏ သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဆိပ်ခံနှစ်ခုကို စတင် အသုံးပြုခဲ့ပါသည်။

စုစုပေါင်း ဆိပ်ခံငါးခုကို ယခုနှစ်ကုန်တွင် စတင်လည်ပတ်ရန် လျာထားပါသည်။

စင်ကာပူနိုင်ငံ၏ ပထမဆုံးသောကွန်တိန်နာဆိပ်ကမ်းကို Tanjong Pagar တွင် ၁၉၆၆ခုနှစ်တွင်စီစဉ်ခဲ့သည်။ 

ထိုစဉ်တုန်းက အာရှရှိ သင်္ဘောလိုင်းများသည် ဥရောပနှင့် အာရှအကြား ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် ကွန်တိန်နာသင်္ဘောများ အသုံးမပြုကြသေးခင်မှာ Tanjong Pagar ကွန်တိန်နာဆိပ်ကမ်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

.

Tanjong Pagar ကွန်တိန်နာဆိပ်ကမ်းတွင် ပထမဆုံး ဆိုက်ကပ်သော ကွန်တိန်နာသင်္ဘောမှာ  MV Nihon ဖြစ်ပြီး ၁၉၇၂  ခုနှစ်တွင် ကွန်တိန်နာ အလုံးရေ ၃၀၀ သာ သယ်ဆောင်နိုင်သည်။

 ယနေ့ခေတ် အကြီးဆုံး ကွန်တိန်နာသင်္ဘောသည် ကွန်တိန်နာ အလုံးရေ ၂၄,၀၀၀ တင်ဆောင်နိုင်သည်။

Source straittimes

#MyanmarLogisticsGuide 
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)