Port News

လန်ချာဘန်းဆိပ်ကမ်း ထရပ်ကားမောင်းသူများအတွက် စီမံကိန်း အကောင်အထည်ဖော်မည်

လန်ချာဘန်းဆိပ်ကမ်း ထရပ်ကားမောင်းသူများအတွက် စီမံကိန်း အကောင်အထည်ဖော်မည်

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သည့်  လန်ချာဘန်း Laem Chabang တွင် သယ်ယူပို့ဆောင်ရေး ကုန်တင်ကားများ နှစ်ပေါင်းများစွာ ပိတ်ကျပ်နေခြင်းကို အဆုံးသတ်ရန် အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင် Port Authority of Thailand (PAT) အကြီးအကဲ Kriengkrai Chaisiriwongsuk က ၎င်းသည် ဆိပ်ကမ်းအတွင်း၌  ၉၀ ရိုင် အကျယ်အဝန်းရှိသော ကုန်သွယ်မှုဧရိယာထဲတွင် ထရပ်ကားများ ရပ်နားစခန်း၊  ဟိုတယ်နှင့် အခြားသော အဆောက်အဦများ ဆောက်လုပ်မည်ဟု ပြောကြားသည်။

 ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်ကာ ၂၀၂၃ ခုနှစ် တွင်  ဆောက်လုပ်ရေးကန်ထရိုက်များ ပေးအပ်ရန် လျာထားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆောက်လုပ်ရေး စီမံကိန်းသည် ကုန်တင်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်နှင့် ဆိပ်ကမ်းမှ ကုန်းလမ်းဖြင့် ကုန်စည်ပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု Kriengkrai က ဆိုသည်။

အဆိုပါဆိပ်ကမ်းကို တစ်လလျှင် ထရပ်ကားအစီးရေ  ၃ သိန်း ကျော်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အချို့ယာဉ်မောင်းများသည် အကောက်ခွန်စစ်ဆေးခြင်း ခံယူဖို့ အလှည့်ကျရန် အတွက် ၁၀  နာရီအထိစောင့်ဆိုင်းကြရကြောင်း Kriengkrai က ပြောကြားသည်။

ထရပ်ကားများ  စောင့်ဆိုင်းနေရစဉ် ယာဉ်မောင်း အနားယူနိုင်ဖို့ကိုလည်း စီစဉ်ပေးထားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

 ယခု အကောင်အထည်ဖော်မည့်  စီမံကိန်းကို နယ်သာလန်၊ တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူရှိ ဆိပ်ကမ်းကြီးများကို နမူနာယူထားကြောင်း ၎င်းက ပြောကြားသည်။ 

လန်ချာဘန်း ဆိပ်ကမ်း၏ အဆင့် ၃ ဖွံ့ဖြိုး‌ေရးသည် အရှေ့စီးပွားရေးစင်္ကြံ Eastern Economic Corridor (EEC) တွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန်အတွက် ဘတ်ငွေ ၆၅၅  ဘီလီယံ သုံးစွဲမည့် စီမံကိန်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

Source THE NATION

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)