Port News

ကုန်းတွင်းပိတ်နိုင်ငံ နီပေါကို အိန္ဒိယက အဓိကဆိပ်ကမ်း ၂ ခု ထပ်တိုး သုံးခွင့်ပေး

ကုန်းတွင်းပိတ်နိုင်ငံ နီပေါကို အိန္ဒိယက အဓိကဆိပ်ကမ်း ၂ ခု ထပ်တိုး သုံးခွင့်ပေး

 

ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး သဘောတူစာချုပ်အရ  အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုနှင့်  ဩရိဿပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတို့အား  ကုန်းတွင်းပိတ်နိုင်ငံ နီပေါကို အသုံးပြုရန် ခွင့်ပြုမည် ဖြစ်သည်။

 

နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ကူးသန်းသွားလာရေး ဆက်ဆံမှု အဆင့်မြှင့်တင်ရန် စီစဉ်နေသောကြောင့် အဆိုပါ ခွင့်ပြုချက်သည် ၂၀၂၃ ခုနှစ်မှ စတင်အသက်ဝင်မည်ဟု မျှော်လင့်ရသည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် စိန်ခေါ်မှုများစွာရှိနေသော်လည်း အိန္ဒိယနှင့် နီပေါတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကူးသန်းသွားလာရေးဆက်ဆံမှုအား အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး နီပေါအား အဓိကအိန္ဒိယဆိပ်ကမ်း ၂ ခုကို အသုံးပြုရန် ခွင့်ပေးမည်ဖြစ်ပြီး နီပေါနိုင်ငံ ၏ စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်စေမည် ဖြစ်သည်။ 

၎င်း၏ အိမ်နီးနားချင်း ပထမ 'Neighbourhood First' မူဝါဒအောက်တွင် နာရန်ဒြာ မိုဒီ အစိုးရက အိန္ဒိယမှ ကုန်သွယ်ရေးတွင် မဟာဗျူဟာကျသော ဆိပ်ကမ်းနှစ်ခုမှ ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် တင်သွင်းခွင့်ကို  နီပေါအား ခွင့်ပြုမည်ဟု ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆိပ်ကမ်းနှစ်ခုမှာ ဂူဂျာရပ် ပြည်နယ်ရှိ မန်ဒရာဆိပ်ကမ်းနှင့် ဩရိဿပြည်နယ်ရှိ ဒမ်မရာဆိပ်ကမ်းတို့ဖြစ်သည်။

 

သတင်းရင်းမြစ်များ၏ အဆိုအရ ထိုကဲ့သို့ ခွင့်ပြု‌လိုက်သဖြင့်  နီပေါအား အိန္ဒိယဈေးကွက်သို့ တိုးမြှင့်ဝင်ရောက်ရန် အခွင့်သာစေမည် ဖြစ်သည်အပြင်  အရှေ့တောင်နှင့် ဗဟိုအာရှဒေသရှိ အခြားစျေးကွက်များသို့ ဝင်ရောက်ရန်အတွက် အိန္ဒိယနိုင်ငံကို တံခါးပေါက်အဖြစ် အသုံးပြုစေမည်ဖြစ်သည်။

 

၎င်းသည် ဆိုင်းငံ့ထားသဖြင့် နီပေါ၏ ကာလရှည်ကြာ  တောင်းဆိုမှုတစ်ခုဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်များက ချုပ်ဆိုခဲ့သော ကုန်သွယ်ရေးနှင့် ကူးသန်းသွားလာရေးသဘောတူစာချုပ်များ နှစ်ခုစလုံးကို ခေတ်နှင်အညီ အဆင့်မြှင့်တင်ရန် နီပေါက တိုက်တွန်းခဲ့သည်။ 

သဘောတူညီချက်ကို ၁၉၆၀ ခုနှစ် စက်တင်ဘာလတွင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများကြား ချုပ်ဆိုခဲ့သော 'ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူစာချုပ်' အဖြစ် ကနဦး အပြီးသတ်ချုပ်ဆိုခဲ့သည်။ ထို့နောက် ၁၉၇၈ ခုနှစ်တွင် စာချုပ်ကို ကုန်သွယ်မှုနှင့် ဖြတ်သန်းခြင်းဟူ၍ နှစ်ပိုင်းခွဲခဲ့သည်။

 

၎င်းစာချုပ်နှစ်ခုစလုံးသည်  ၇ နှစ်တစ်ကြိမ် အလိုအလျောက် သက်တမ်းတိုးပါသည်။

 

၎င်းသဘောတူစာချုပ်နှစ်ခုကို နောက်ဆုံးအကြိမ် ပြန်လည်သုံးသပ်ခြင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ခဲ့ပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိဘဲ သက်တမ်းတိုးခဲ့ကြသည်။

 

အိန္ဒိယသည် နီပေါ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါသည်။

ကုန်သွယ်ရေးသဘောတူစာချုပ်သည် နီပေါကို တစ်ဖက်သတ်အကောက်ခွန်မဲ့ အိန္ဒိယဈေးကွက်သို့ပင် ဝင်ရောက်ခွင့်ပေးထားသည်။

 

သို့သော်လည်း နီပေါသည် အမျိုးမျိုးသော 'အကောက်ခွန်မဟုတ်သော အတားအဆီးများ' ကြောင့် အိန္ဒိယဈေးကွက်ကို ကောင်းကောင်းမထိုးဖောက်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။

 

လက်ရှိတွင် နီပေါသည် ကာလကတ္တားနှင့် ဗိုင်ဆပ်ပါတနမ် ဆိပ်ကမ်းများကိုသာ အသုံးပြုခွင့်ပေးထားသည်။ ၂၀၂၃ တွင် ဆိပ်ကမ်း ၂ ခု ထပ်တိုးမည် ဖြစ်သည်။ 

 

အစိုးရပိုင် ကုန်တင်ရထားများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုပေးမည်။ ကုန်သွယ်မှုရည်ရွယ်ချက်အတွက် နီပေါရထားကို အသုံးပြုခွင့်ပေးမည်ဖြစ်သည်။

Source the print

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)