Port News

၂၀၂၃ ခုနှစ်တွင် စူးအက်တူးမြောင်း ဖြတ်သန်းခများ တိုးမြှင့်မည်

 ၂၀၂၃ ခုနှစ်တွင် စူးအက်တူးမြောင်း  ဖြတ်သန်းခများ တိုးမြှင့်မည်

စူးအက်တူးမြောင်းအာဏာပိုင်များက  စူးအက်တူးမြောင်း ဖြတ်သန်းခများကို ၂၀၂၃ခုနှစ်တွင် တိုးမြှင့်စည်းကြပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ 

စူးအက်တူးမြောင်းကို အသုံးပြုသည့် ရေယာဉ်များအတွက် ဖြတ်သန်းခ ကောက်ခံမှုသည် ၁၀% တိုးမည့် ကုန်တင်သင်္ဘောများနှင့် ခရီးသွားလုပ်ငန်း အပျော်စီးသင်္ဘောများမှလွဲ၍  ကျန်သည့် သင်္ဘောအမျိုးအစားများသည် လာမည့်နှစ်တွင် ၁၅% တိုးမည်ဖြစ်သည်။ 

 

စူးအက်တူးမြောင်းအာဏာပိုင်  Suez Canal Authority(SCA) ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာ ရေတပ်ဗိုလ်ချုပ်ကြီး Ossama Rabiee က ၂၀၂၃ခုနှစ် ဇန်နဝါရီ လ ၁ ရက်မှ စ၍ ဖြတ်သန်းခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကွန်တိန်နာသင်္ဘောများသည် ပို့ဆောင်ခ နှုန်းထားများ မြင့်မြင့်မားမား ရရှိနေကြသည်။ ကိုဗစ်ကပ်ဘေးမတိုင်ခင်ကာလနှင့် နှိုင်းယှဉ်ပါက အမြတ်ရရှိမှုများလည်း မြင့်မားကြသည်။ လက်ရှိတွင်လည်း ကာလရှည် စာချုပ်များကို အလွန်မြင့်မားသော နှုန်းထားများဖြင့် ချုပ်ဆိုထားကြသည်ဟု Adm Rabiee က ပြောကြားသည်။ 

ရေနံတင်သင်္ဘောများသည်လည်း နှုန်းထားများ မြင့်တက်နေသည်။ ရေနံစိမ်းတင်သင်္ဘောများ တစ်ရက် ချာတာငှားရမ်းခသည် ယခုအခါ ၂၀၂၁ ခုနှစ်ထက် ပျမ်းမျှအားဖြင့် ၈၈% မြင့်မားနေသည်။ LNG သင်္ဘောများ၏ ပျမ်းမျှ တစ်နေ့တာ ငှားရမ်းခသည် ယမန်နှစ်ကထက် ၁၁% ပိုများနေသည်။ သို့ဖြစ်၍ စူးအက်တူးမြောင်း ဖြတ်သန်းခ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

 

ရေနံတင်သင်္ဘောများနှင့် ကွန်တိန်နာများအပါအဝင် သင်္ဘောအမျိုးအစားအားလုံးအတွက် ဖြတ်သန်းခ ၁၅ ရာခိုင်နှုန်း တိုးမည်ဖြစ်သည်။

 

ခြွင်းချက်အနေဖြင့် ဝမ်းပုံ ကုန်သင်္ဘော dry bulk ship များသည် ယခုအခါ ချာတာနှုန်းထားများ အလွန်အမင်း နိမ့်ကျနေသဖြင့် စူးအက်တူးမြောင်း ဖြတ်သန်းခကို ၁၀% သာ တိုးမည်။ နောက်ထပ် ခြွင်းချက်မှာ ကပ်ရောဂါကာလအတွင်း လုံးဝရပ်ထားရပြီး ယခုမှ အခြေအနေ ပြန်ကောင်းလာခါစဖြစ်သည့် ခရီးသွားလုပ်ငန်း အပျော်စီးသင်္ဘော cruise ship များကိုလည်း  စူးအက်တူးမြောင်း ဖြတ်သန်းခ ၁၀% သာ တိုးမည်။ 

Source seatrade

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)