Port News

မလက္ကာရေလက်ကြား ကွန်တိန်နာသင်္ဘောကို ရေနံတင်သင်္ဘော တိုက်မိ

မလက္ကာရေလက်ကြား ကွန်တိန်နာသင်္ဘောကို ရေနံတင်သင်္ဘော တိုက်မိ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

သင်္ဘောများ အသွားအလာ စည်ကားသော မလက္ကာရေလက်ကြားတွင် စက်တင်ဘာ ၂၈ ရက်မှာ ကွန်တိန်နာသင်္ဘောနှင့် Aframax အရွယ်အစားရှိ ရေနံတင်သင်္ဘောတို့ တိုက်မိခဲ့သည်။

သင်္ဘောနှစ်စင်းလုံးမှ   သင်္ဘောသား ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိ၊ ဆီယိုစိမ့်မှု မရှိကြောင်း သိရသည်။

 

မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ  Malaysian Maritime Enforcement Agency (MMEA) မှ ရေကြောင်းတပ်မှူး Mohd Haniff Mohd Yunus က ဒေသစံတော်ချိန် နံနက် ၄ နာရီကျော်တွင် လိုင်ဘေးရီးယား မှတ်ပုံတင် ကွန်တိန်နာသင်္ဘော GLS Grania နှင့် ပနားမား မှတ်ပုံတင် ရေနံတင်သင်္ဘော Zephyr I တို့  မလေးရှားကျွန်းဆွယ်အစွန် စင်ကာပူအနီးတွင် တိုက်မိကြကြောင်း ပြောကြားသည်။ 

MMEA က သင်္ဘော ၂ စီးကို ကျောက်ချခိုင်းထားသည်။

ကွန်တိန်နာသင်္ဘော GSL Grania ပဲ့ပိုင်းကို ရေနံတင်သင်္ဘော Zephyr I  က သင်္ဘောဦးဖြင့် ဝင်တိုက်မိခဲ့သည်။ ကွန်တိန်နာသင်္ဘော GSL Grania ပဲ့ပိုင်း ယာဘက်တွင် ထိခိုက်ပျက်စီးခဲ့ပြီး ရေနံတင်သင်္ဘော Zephyr I သည် ဦးပိုင်းတွင် ထိခိုက်ပျက်စီးခဲ့ပါသည်။ 

GSL_Grania.png

 

tanker4456.png

 

ရေနံတင်သင်္ဘော Zephyr I တွင် တရုတ်နိုင်ငံ Yantai ဆိပ်ကမ်းသို့ ပို့ဆောင်မည့် ရေနံကတ္တရာ bitumen များ သယ်ဆောင်ထားသည်။

သက်တမ်း ၂၀ နှစ်ရှိပြီဖြစ်သော Zephyr I သည် ၂၀၂၂ တွင် အမည် ၂ ကြိမ် ပြောင်းထားသည်။ ပိုင်ရှင် တိတိကျကျ မသိရချေ။ ခရီးစ ခရီးဆုံး ခရီးစဉ်ကိုလည်း အသိပေးထားခြင်း မရှိချေ။ အမေရိကန် အာဏာပိုင်တို့က ရုရှားကုန်စည်များ သယ်ဆောင်ထားခြင်း ဖြစ်မည်ဟု ယူဆသည်။

Source Maritime Executive

#LogisticsGuide

#Guide4U 

To join Telegram Channel  https://t.me/Guid4

Read times
Rate this item
(0 votes)