Port News

စင်ကာပူ ဘန်ကာဆီအရောင်း အောက်တိုဘာလတွင် မြင့်မား

စင်ကာပူ ဘန်ကာဆီအရောင်း အောက်တိုဘာလတွင် မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူသည် ကမ္ဘာ့ထိပ်တန်း ဘန်ကာအချက်အချာတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။

ရေကြောင်းသုံးလောင်စာဆီ စင်ကာပူတွင် ရောင်းချမှု ၂၀၂၂အောက်တိုဘာတွင် မြင့်တက်ခဲ့သည်။ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေကြသဖြင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသဖြင့် သင်္ဘောများ စင်ကာပူတွင် ဘန်ကာယူပြီး ဆီဖြည့်ကြအောင် ဆွဲဆောင်နိုင်ခဲ့သည်။

အောက်တိုဘာလ ဘန်ကာ ဆီရောင်အား တန်ချိန် ၄.၂၅ သန်း ရှိခဲ့ပြီး စက်တင်ဘာလထက် ၇% မြင့်တက်ခဲ့ပါသည်။ ဘန်ကာယူသည့် သင်္ဘောစီးရေ ၃,၄၃၁ ရှိခဲ့ကြောင်း စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် Maritime and Port Authority မှ အချက်အလက်များအရ သိရသည်။

ဆီဖြည့်သည့် ဈေးနှုန်းများ အောက်တိုဘာလတွင် အခြားဘန်ကာပေးသည့် ဆိပ်ကမ်းများထက်  ဈေးသက်သာခဲ့သည်။ 

.

နှစ်ကုန်ခါနီးဖြစ်သဖြင့် ရောင်းချသူတို့က လက်ကျန်ရှင်းထုတ်ဖို့ ကြိုးစားနေကြသဖြင့် ဈေးနှုန်း အကျဘက်သို့ ရောက်ရှိနေသည်။ ထို့ပြင် လက်ရှိပေါက်ဈေးသည် နောင်လာမည့်လများအတွက် ကြိုပွိုင့်ဈေးနှုန်းထက် မြင့်နေခြင်းကြောင့်လည်း လက်ကျန်ရှင်းထုတ်နေကြသည်။

လက်ငင်းပေါက်ဈေးထက် ကြိုပွိုင့်ဈေးနှုန်းက တစ်တန်လျှင် ‌$20 သက်သာနေသည်။

ထို့ပြင် ဘဏ်အတိုးနှုန်း မြင့်တက်လာသဖြင့်လည်း ဘဏ်ချေးငွေဖြင့် လုပ်ကိုင်သော ကုန်သည်များသည် များများထုတ်ရောင်းပြီး ချေးငွေပြန်ဆပ်ကြသည်။ ဆီများ လက်ထဲ ဆက်ထားလျှင် ပေးရမည့် ဘဏ်အတိုးနှုန်းက ဈေးကြီးနေသည်ဟု Refinitiv Oil Research မှ ဒါရိုက်တာ Yaw Yan Chong က ပြောကြားသည်။

ရောင်းထုတ်ဖို့ ဖိအားများသည် နိုဝင်ဘာလအထိ ဆက်ရှိနေဦးမည်ဟု ၎င်းက ပြောကြားသည်။

.

အောက်တိုဘာလတွင်-

ရေကြောင်းသုံး ဆာလဖာ ပါဝင်နှုန်း နည်းသည့် လောင်စာဆီ low-sulphur fuel oil LSFO ရောင်းအား တန်ချိန် ၂.၅၉ သန်း ရှိခဲ့ပါသည်။ 

ရေကြောင်းသုံး ဆာလဖာ ပါဝင်နှုန်း မြင့်သည့် လောင်စာဆီ high-sulphur fuel oil HSFO ရောင်းအား တန်ချိန် ၁.၃၁ သန်း ရှိခဲ့ပါသည်။

Source gcaptain

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)