Port News

စီးရေ ၃ သောင်းမြောက် LNG သင်္ဘောတင် အောင်မြင်မှု အခမ်းအနားကျင်းပ

စီးရေ ၃ သောင်းမြောက် LNG သင်္ဘောတင် အောင်မြင်မှု အခမ်းအနားကျင်းပ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကာတာနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း QatarEnergy နှင့် Qatargas တို့က ဘေးကင်းစွာဖြင့် LNG ကုန်စည်ကို ကြိမ်ရေ ၃ သောင်းမြောက် LNG သင်္ဘောတင် အောင်မြင်မှု အခမ်းအနားကျင်းပခဲ့ကြပါတယ်။ Ras Laffan Port မှာ Qatargas က ချာတာငှားထားတဲ့ LNG သင်္ဘော Mekaines ပေါ်ကို LNG တင်ခဲ့တာ ဖြစ်ပါတယ်။ 

Mekaines က Q-Max LNG သင်္ဘောဖြစ်ပါတယ်။ "Q" က Qatar ကာတာကို ဆိုလိုပါတယ်။ "Max" က ကာတာနိုင်ငံ LNG ဆိပ်ခံမှာ ဆိုက်ကပ်နိုင်တဲ့ အကြီးဆုံး အရွယ်အစားကို ဆိုလိုပါတယ်။ Q-Max LNG သင်္ဘောများဟာ ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးမားဆုံး LNG သင်္ဘောများ ဖြစ်ပါတယ်။

.

စီးရေ ၃ သောင်းပြည့်တဲ့အထိ ဘေးကင်းစွာဖြင့် သင်္ဘောတင်ပေးနိုင်ခဲ့တာအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်တာ ဖြစ်ပါတယ်။

.

 Ras Laffan Port ဟာ LNG နှင့်တကွ LNG နှင့် ဆက်နွှယ်နေတဲ့ LPG, GTL အစရှိတဲ့ ထုတ်ကုန်များ သင်္ဘောတင်ဖို့အတွက် ကမ္ဘာ့အကြီးမားဆုံးဆိပ်ကမ်း ဖြစ်ပါတယ်။

.

ကာတာစွမ်းအင်ရေးရာဝန်ကြီး Al-Kaabi က "ကာတာရဲ့ LNG ထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိ တစ်နှစ်လျှင် တန်ချိန် ၇၇ သန်းမှ ၁၂၆ သန်းသို့  တိုးမြှင့်ရန်နှင့် ဆက်နွှယ်ထုတ်ကုန်များနှင့် သန့်စင်ပြီး ထုတ်ကုန်အသီးသီးတို့ရဲ့ တင်ပို့မှုပမာဏ အသီးသီး တိုးမြင့်လာစေရန်အတွက် North Field ဓာတ်ငွေ့သိုက်ကို အကြီးအကျယ် ချဲ့ထွင်နေတဲ့ အခြေအနေကို ကျွန်တော်တို့ တက်လှမ်းနိုင်ခဲ့ပါပြီ" လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

.

Qatargas ဆိပ်ခံများသည် စုစုပေါင်း တစ်ရက်လျှင် LNG နှင့် LNG မဟုတ်သော ကုန်စည်များကို တစ်ရက်လျှင် ရေနံစည်ပေါင်း သုံးသန်းခန့်နှင့် ညီမျှသော ပမာဏကို သင်္ဘောတင်ပေးနိုင်စွမ်း ရှိပါတယ်။

Qatargas_Celebrate_1.png

.

Ras Laffan Industrial City မှ Qatargas ဆိပ်ခံများ ၁၉၉၆ မှ စတင်လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။ ဆက်တိုက်ချဲ့ထွင်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး LNG ဆိပ်ကမ်းအဖြစ်သို့ ရောက်ရှိပါတယ်။ လောလောဆယ်မှာ ကမ္ဘာ့အကြီးဆုံး LNG သင်္ဘောကြီးများ ဆိုက်ကပ်ပြီး ကုန်တင်နိုင်တဲ့ ဆိပ်ခံ ၆ ခု ရှိပါတယ်။

LNG မဟုတ်သော ကုန်စည်များအတွက် ဆိပ်ခံ ၇ ခု ရှိပါတယ်။ ဆာလဖာကုန်စည်အတွက် ဆိပ်ခံ တစ်ခု ရှိပါတယ်။

ထို့ပြင် ကမ်းလွန်မှာ  သင်္ဘောကို ဗော်ယာတစ်ခုမှာကြိုးချည်ထားပြီး ပေါင်းခံရည်ထုတ်ကုန် တင်ဖို့  offshore single point mooring buoy (SPM) ၂ နေရာ ရှိပါတယ်။

Ras Laffan Port ဆိပ်ကမ်းကို North Field ဓာတ်ငွေ့သိုက်နှင့် ပိုက်လိုင်းဆက်သွယ်ထားပါတယ်။ 

ဆိပ်ခံများကို ကမ္ဘာ့ထိပ်တန်း LNG ကုမ္ပဏီ Qatargas က ဦးစီးလုပ်ကိုင်ပါတယ်။

ယခုအခါ Qatargas က တစ်နှစ် တန်ချိန် သန်းပေါင်း million tons per annum (Mtpa) ၇၇ အထိ ထုတ်လုပ်ပါတယ်။ 

တစ်ရက်လျှင် ‌ရေနံစည်ပေါင်း ၁ သန်းနှင့် ညီမျှသော ပမာဏ ပြည်ပတင်ပို့လျက် ရှိပါတယ်။

Source vesselfinder

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)