Port News

စင်ကာပူဆိပ်ကမ်း ကမ္ဘာ့အကြီးဆုံး တစ်ဆင့်ခံ ကွန်တိန်နာဆိပ်ကမ်းအဖြစ် ဆက်လက်ရပ်တည်

စင်ကာပူဆိပ်ကမ်း ကမ္ဘာ့အကြီးဆုံး တစ်ဆင့်ခံ ကွန်တိန်နာဆိပ်ကမ်းအဖြစ် ဆက်လက်ရပ်တည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 သင်္ဘောပြောင်းတင်ပေးသည့် တစ်ဆင့်ခံဆိပ်ကမ်းအနေဖြင့် ၂၀၂၂ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းအဖြစ် ဆက်လက် သရဖူဆောင်းနိုင်ခဲ့ပါသည်။ 

 

၂၀၂၂ ခုနှစ်တွင် စင်ကာပူဆိပ်ကမ်းမှ ကိုင်တွယ်ပေးခဲ့သော ကွန်တိန်နာလုံးရေ ပမာဏသည် ၂၀၂၁ ခုနှစ်ထက် လျော့ကျခဲ့ပါသည်။ ဒုတိယအများဆုံး စံချိန်ကိုသာ ရရှိခဲ့ပါသည်။

 

ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးတွင် ၂၀၂၂ ခုနှစ်မှာ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု လျော့ကျခဲ့ပါသည်။၂၀၂၂ ခုနှစ်မှာ ၂၀၂၁ ခုနှစ်ထက် ၃~၄% လျော့ကျခဲ့ပါသည်။

 

သင်္ဘောပြောင်းတင်ပေးသည့် တစ်ဆင့်ခံဆိပ်ကမ်းအနေဖြင့် စင်ကာပူဆိပ်ကမ်းတွင် ၂၀၂၂ ခုနှစ်မှာ ကွန်တိန်နာ စုစုပေါင်း teu ၃၇.၃ သန်း ဖြတ်သန်းသွားခဲ့ပါသည်။

 

၂၀၂၁ ခုနှစ်တွင် စင်ကာပူဆိပ်ကမ်းကို ဖြတ်သန်းသည့် ကွန်တိန်နာ ပမာဏ teu ၃၇.၆ သန်း ရှိခဲ့သည်ကို မမီပါ။ ၀.၇% လျော့ကျပါသည်။ 

ထိုသို့ လျော့နည်းသော်လည်း စင်ကာပူဆိပ်ကမ်းသည် တစ်ဆင့်ခံဆိပ်ကမ်းအနေဖြင့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းအဖြစ် ဆက်လက် သရဖူဆောင်းနိုင်ခဲ့ပါသည်။ 

 

တန်ချိန်အရကြည့်လျှင် စင်ကာပူ ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် Maritime and Port Authority of Singapore (MPA) မှ ထုတ်ပြန်သည့် ကိန်းဂဏာန်းများအရ စင်ကာပူရှိ ဆိပ်ကမ်းများသည် ၂၀၂၂ ခုနှစ်တွင် ကုန်စည်တန်ချိန် ၅၇၇.၇ သန်းကို ကိုင်တွယ်နိုင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် ကုန်စည်တန်ချိန် ၅၉၉ သန်းကို ကိုင်တွယ်နိုင်ခဲ့ပါသည်။

 

စင်ကာပူသည် ပင်လယ်ရေကြောင်း သင်္ဘောများအတွက် လောင်စာဆီဖြည့်တင်းရန် ဘန်ကာ ယူကြသည့် အချက်အချာဆိပ်ကမ်း တစ်ခု ဖြစ်ပါသည်။

 

ဘန်ကာယူကြသည့် လောင်စာဆီ အမျိုးမျိုးအတွက် ရောင်းအားပမာဏသည်လည်း ၂၀၂၂ တွင် ၂၀၂၁ ထက် ၄.၃% လျော့နည်းခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့် ဇီဝလောင်စာဆီအနှော တန်ချိန် ၁၄၀,၀၀၀ နှင့် သဘာဝ ဓာတ်ငွေ့ရည် liquefied natural gas LNG တန်ချိန် ၁၆,၀၀၀ တန် ရောင်းချခဲ့ပါသည်။

 

လက်ရှိရောင်းချနေသည့် ဇီဝလောင်စာဆီအနှော အချိုးအစားမှာ B24 ဖြစ်ပါသည်။ ရေကြောင်းသုံး လောင်စာဆီတွင် ဇီဝလောင်စာဆီ ၂၄ % ရောနှောပေးထားပါသည်။

 

၂၀၂၂ ဒီဇင်ဘာလတွင် MPA နှင့် စွမ်းအင်ဈေးကွက် အာဏာပိုင်  Energy Market Authority တို့က စင်ကာပူရှိ Jurong Island တွင် သင်္ဘောသုံး အမိုးနီးယားလောင်စာ ထုတ်လုပ်ခြင်းနှင့် ဘန်ကာပေးခြင်းတို့အတွက် စက်ရုံတည်ဆောက်ပြီး လုပ်ငန်းလည်ပတ်ရန် အဆိုပြုလွှာ ခေါ်ယူခဲ့ပါသည်။

Source straitstimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)