တီအန်ကျင် ဆိပ်ကမ်း တစ်နှစ်တာ ကွန်တိန်နာ TEU ၂၁ သန်းကျော် ကိုင်တွယ်ပေးခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ မြောက်ပိုင်း တီအန်ကျင် Tianjin ဆိပ်ကမ်းမှ ကွန်တိန်နာ ဖြတ်သန်းမှုသည် ၂၀၂၂ ခုနှစ်တွင် twenty-foot equivalent unit (TEU) း သန်း ၂၀ ကျော်လွန်သွားခဲ့သည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်း ပျမ်းမျှနှစ်စဉ်တိုးတက်မှုနှုန်းမှာ ၆.၉ ရာခိုင်နှုန်း ရရှိခဲ့သည်။
တီအန်ကျင်ဆိပ်ကမ်း၏ကွန်တိန်နာဖြတ်သန်းမှုသည် ၂၀၂၃ ခုနှစ်တွင် TEU ၂၁.၈ သန်းသို့
ရောက်ရှိရန် မျှော်လင့်ထားကြောင်း တီအန်ကျင် မြို့တော်ဝန် Zhang Gong ကပြောကြားခဲ့သည်။
ဆိပ်ကမ်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အတိုင်းအတာတစ်ခုဖြစ်သည်။
ဘိုဟိုင်းပင်လယ်၏ ကမ်းရိုးတန်းရှိ တီအန်ကျင် ဆိပ်ကမ်းသည် ပေကျင်း-တီအန်ကျင်-ဟူပေ ဒေသအတွက် အဓိကကျသော သင်္ဘောဆိပ်ကမ်း ထွက်ပေါက်ဖြစ်သည်။
Zhang က တီအန်ကျင် ဆိပ်ကမ်းကို ကမ္ဘာ့အဆင့်မီ ဉာဏ်ရည်တု ထက်မြက်ပြီး စိမ်းလန်းသောဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် မတွန့်မဆုတ် ကြိုးပမ်းမည်ဟု Zhang မှ ပြောကြားခဲ့သည်။
တီအန်ကျင် ဆိပ်ကမ်း၏ ကွန်တိန်နာသင်္ဘော ခရီးစဉ်လမ်းကြောင်းများသည် ယမန်နှစ်တွင် ၁၄၀ အထိ တိုးလာခဲ့ပါသည်။
Source Xinhua
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U