Port News

ကမ္ဘာ့အကြီးဆုံးသော ထိပ်တန်း ကုန်တင်သင်္ဘော (၁၀) စင်း

နိုင်ငံတကာ ကုန်သွယ်မှုမှာ သင်္ဘောကုမ္ပဏီတွေက (၉၀) ရာခိုင်နှုန်းထိ ရှယ်ယာ ရရှိထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သည်ကြီးများအသင်း ( International Chamber of Shipping ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ပင်လယ်မှာ ရေကြောင်း ကုန်သွယ်နေတဲ့ သင်္ဘောအစီးရေပေါင်း ၅၀,၀၀၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။ 

 

ကုန်တင်သင်္ဘောတွေကို ကုန်သွယ်မှု ပြုလုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ကုန်တင်ချိန်ပေါ် မူတည်ပြီး အမျိုးအစားတွေ ခွဲခြားထားပြီး အဓိကအားဖြင့် (၇) မျိုး ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ Small Feeder, Feeder, Feedermax, Panamax, Post Panamax, New Panamax ( Neo Panamax ) နဲ့ Ultra Large Container Vessel (ULCV) တို့ ဖြစ်ပါတယ်။

 

အခု ဖော်ပြပေးမယ့် သင်္ဘောတွေကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောတွေ ဆိုတဲ့အတိုင်း Ultra Large Container Vessel (ULCV) အမျိုးအစား သင်္ဘောကြီးတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သင်္ဘောတစ်ခုချင်းစီရဲ့ အရွယ်အစား၊ အလေးချိန်နဲ့ သင်္ဘောအကြောင်း အသေးစိတ်ကို ဖော်ပြပေးထားပါတယ်။

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်း

 

  • Ever Ace
  • HMM Algeciras
  • HMM Oslo
  • MSC Gulsun
  • MSC Mina
  • CMA CGM Jacques Saadé
  • OOCL Hong Kong
  • COSCO Shipping Universe
  • CMA CGM Antoine De Saint Exupery
  • Madrid Maersk

 

Advertisement

Click Here > Great Star Enterprise

 

၁။ Ever Ace

 

ထိုင်ဝမ်က Ever Ace တစ်ဖြစ်လည်း Evergreen သင်္ဘောလိုင်းကို လူတော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ ဒီကုန်တင်သင်္ဘောက ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ Evergreen သင်္ဘောကို တောင်ကိုးရီးယားနိုင်ငံ၊ Samsung Heavy Industries က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စတင် ရွက်လွှင့် အသုံးပြုခဲ့တာပါ။

 

သင်္ဘောရဲ့ အရှည်က မီတာ (၄၀၀) ရှည်လျားပြီး (၆၂) မီတာနီးပါး အရှည်ရှိတဲ့ ကွန်တိန်နာ (၂၄) တန်းကို ဘေးချင်းကပ်ပြီး အတန်းလိုက် စီရီထားပါတယ်။ ဒီသင်္ဘောက 23,992 TEUs စွမ်းရည်ရှိပြီး သူ့ရဲ့ ပင်မအင်ဂျင်က ဆလင်ဒါ (၁၁) လုံးပါ 2-Stroke Wartsila အင်ဂျင်ဖြစ်တာကြောင့် 22.6 Knots အထိ အရှိန်မြှင့်ပေးနိုင်တဲ့ စွမ်းအား 70,950 Kilowatts နဲ့ သင်္ဘောကို မောင်းနှင်ပါတယ်။

 

 

၂။ HMM Algeciras

 

ပနားမားနိုင်ငံက HMM Algeciras သင်္ဘောလိုင်းကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ ဒုတိယနေရာကို ရယူထားပြီး Evergreen မတိုင်ခင်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နည်းပညာ အတိုးတက်ဆုံးသော ကွန်တိန်နာသင်္ဘောတစ်စီး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

 

ဒီ HMM Algeciras သင်္ဘောကို Daewoo Shipbuilding and Marine Engineering က တည်ဆောက်ခဲ့တာ ဖြစ်ပြီး 23,964 TEUs စွမ်းရည်ရှိပါတယ်။ အရှည်က မီတာ (၄၀၀) နီးပါး ရှိပြီး အနက်က (၃၃) မီတာကျော် ရှိပါတယ်။ သင်္ဘောက အမေရိကန်ဒေါ်လာ သန်း (၁၄၀) ကျော် တန်ကြေး ရှိတယ်လို့ ဆိုပါတယ်။

 

 

၃။ HMM Oslo

 

HMM Algeciras ရဲ့ နောက်ကနေ လိုက်ပါနေတာကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ တတိယနေရာကို ရယူထားတဲ့ HMM Oslo သင်္ဘောလိုင်း ဖြစ်ပါတယ်။ HMM ကုမ္ပဏီ လက်အောက်ခံ သင်္ဘောပဲ ဖြစ်ပြီး ဒီသင်္ဘောကိုတော့ Samsung Heavy Industries က တည်ဆောက်ခဲ့တာပါ။

 

HMM Oslo သင်္ဘောဟာ အရှည် ၄၀၀ မီတာနဲ့ အကျယ် ၆၂ မီတာခန့် ရှိပြီး အမြင့်ဆုံး ကြမ်းပြင်မှာ ၁၆.၅၀ မီတာ ဖြစ်ပါတယ်။ တင်ဆောင်နိုင်တဲ့ စွမ်းရည်ပမာဏက 23,792 TEU ရှိပြီး HMM Algeciras ထက် 172 TEU လောက်ပဲ လျော့နည်းတာ ဖြစ်ပါတယ်။

 

 

၄။ MSC Gulsun

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ စတုတ္တမြောက်နေရာမှာ တည်ရှိနေတဲ့ သင်္ဘောလိုင်းကတော့ MSC Gulsun ဖြစ်ပါတယ်။ ဒီသင်္ဘောကို Samsung Heavy Industries ကပဲ တည်ဆောက်ထားတာ ဖြစ်ပြီး Mediterranean သင်္ဘောကုမ္ပဏီက လုပ်ငန်းလည်ပတ်ပါတယ်။

 

သမိုင်းတစ်လျှောက် အနံ (၆၂) မီတာရှိတဲ့ ကွန်တိန်နာ (၂၄) တန်းကို ပထမဦးဆုံး ဘေးချင်းကပ်ပြီး အတန်းလိုက် တင်ဆောင်ထားနိုင်ခဲ့တဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ စွမ်းရည် 23,756 TEU နဲ့ သင်္ဘောအရှည်က (၄၀၀) မီတာနီးပါး ရှိပါတယ်။ 

 

 

၅။ MSC Mina

 

နောက်ထပ် ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲက ပဉ္စမမြောက်နေရာကို ရယူထားတာကတော့  MSC Mina ဆိုတဲ့ သင်္ဘော ဖြစ်ပါတယ်။ MSC Gulsun နဲ့ ကုမ္ပဏီတူ ဖြစ်ပြီး ဒီသင်္ဘောကိုတော့ Daewoo Shipbuilding and Marine Engineering က တည်ဆောက်ထားခဲ့တာပါ။

 

MSC Mina သင်္ဘောဟာ အကျယ် (၆၁) မီတာနဲ့ အရှည် (၄၀၀) ရှိပြီး  ကုန်ပစ္စည်း တင်ဆောင်နိုင်တဲ့ စွမ်းရည်ပမာဏက 23,656 TEU ရှိပါတယ်။

 

 

၆။ CMA CGM Jacques Saadé

 

သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ မောင်းနှင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောတွေထဲက တစ်ခုဖြစ်တဲ့ CMA CGM Jacques Saadé သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ နံပါတ် (၆) နေရာကို ရယူထားပါတယ်။ 

 

ဒီကုန်တင်သင်္ဘောကိုတော့ China State Shipbuilding Corporation က တည်ဆောက်ထားခဲ့တာ ဖြစ်ပြီး စွမ်းရည် 23,000 TEU ရှိပြီး အရှည် (၄၀၀) မီတာ၊ အနံ (၆၁) မီတာနဲ့ အမြင့် (၇၈) မီတာ ရှိပါတယ်။

 

 

၇။ OOCL Hong Kong

 

ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘော (၁၀) စင်းထဲက နံပါတ် (၇) နေရာမှာ ရပ်တည်နေတာကတော့ ၂၀၁၇ ခုနှစ်မှာ စတင် ရွက်လွှင့်ခဲ့တဲ့ OOCL Hong Kong ဖြစ်ပါတယ်။ Geoje သင်္ဘောကျင်းမှာ Samsung Heavy Industries က တည်ဆောက်ထားခဲ့တာ ဖြစ်ပြီး Orient Overseas Container Line ကနေ လုပ်ငန်းလည်ပတ်နေပါတယ်။ 

 

စွမ်းရည် 21,413 TEU သယ်ဆောင်နိုင်စွမ်း ရှိပြီး အရှည် (၄၀၀) မီတာ၊ အနံ (၅၉) မီတာနဲ့ အနက် (၃၃) မီတာနီးပါး ကြီးမားတဲ့ ကွန်တိန်နာ သင်္ဘောဖြစ်ပါတယ်။

 

 

၈။ COSCO Shipping Universe

 

COSCO Shipping Universe ဆိုတဲ့ သင်္ဘောက ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ နံပါတ် (၈) နေရာ ရရှိထားပါတယ်။ ဒီသင်္ဘောဟာ တရုတ်နိုင်ငံမှာဆိုရင် အကြီးဆုံး ကုန်တင်သင်္ဘော ဖြစ်ပြီး  ၂၀၁၈ ခုနှစ်မှာ China State Shipbuilding Corporation (CSSC) ကနေ China Ocean Shipping Company Limited (COSCO) ကို လွှဲပြောင်းခဲ့တာပါ။

 

21,237 TEU တင်ဆောင်နိုင်ပြီး အရှည် (၄၀၀) မီတာ၊ အကျယ် (၅၉) မီတာ ရှိပါတယ်။ အကောင်းဆုံးစွမ်းဆောင်ရည် ရှိပြီး ဆီစာလည်း သက်သာတဲ့အပြင် အမြင့်ဆုံး မြန်နှုန်း တစ်နာရီလျှင် (၂၂) မိုင်နှုန်းအထိ ရောက်ရှိစေဖို့ ကူညီပေးတဲ့ ABB Turbochargers တွေလည်း တပ်ဆင်ထားပါတယ်။

 

 

၉။ CMA CGM Antoine De Saint Exupery

 

ပြင်သစ်စာရေးဆရာ တစ်ဖြစ်လည်း လေယာဉ်မှူးဖြစ်သူ Antoine De Saint Exupery ရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တဲ့ CMA CGM Antoine De Saint Exupery ဟာ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းရဲ့ နံပါတ် (၉) နေရာမှာ ရပ်တည်နေပါတယ်။

 

ဒီသင်္ဘောကို  ဖိလစ်ပိုင်နိုင်ငံက Hanjin Heavy Industries and Construction က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာရှမြောက်ဥရောပနဲ့ အာရှကို ဆက်သွယ်ပေးထားတဲ့ အရှည်ဆုံး ပင်လယ်လမ်းကြောင်း French Asia Line 1 (FAL-1) ကို စတင် ရွက်လွှင့်ခဲ့ပါတယ်။ 

 

20,954 TEU စွမ်းရည်ရှိပြီး အရှည် (၄၀၀) မီတာ၊ အကျယ် (၅၉) မီတာနဲ့ အလေးချိန် 202,684 MT ရှိပါတယ်။

 

 

၁၀။ Madrid Maersk

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲက နောက်ဆုံးတစ်ခုကတော့ ဒိန်းမတ်က Madrid Maersk ဆိုတဲ့ သင်္ဘောပါ။ ဒီကုန်တင်သင်္ဘောဟာ Second Generation Maersk Triple E-class ထဲမှာဆိုရင် ပထမဆုံး ရွက်လွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Daewoo Shipbuilding and Marine Engineering က တည်ဆောက်ထားတာ ဖြစ်ပြီး စွမ်းရည် 20,568 TEU နဲ့ အလေးချိန် 192,672 MT ရှိပါတယ်။ အလျားက (၃၉၉) မီတာနဲ့ အနံက (၅၆) မီတာ ကျယ်ဝန်း ရှည်လျားပါတယ်။ ဒီသင်္ဘောကို A.P.Moller-Maersk Group က လုပ်ဆောင်နေချိန်မှာ ULCV အဖြစ် ရပ်တည်နိုင်ဖို့ အခွင့်အရေး ရရှိခဲ့တာပါ။

 

 

ဒီလောက်ဆိုရင် ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောတွေဖြစ်တဲ့ Ultra Large Container Vessel (ULCV) အမျိုးအစား သင်္ဘောကြီးတွေကို သိသင့်သလောက် သိပြီလို့ ယူဆပါတယ်။ ထပ်မံ သိရှိလိုတာများ ရှိရင် (သို့) မိမိ သိထားတဲ့ နာမည်ကြီး သင်္ဘောတွေ ရှိသေးရင် ကောမန့်မှာ ဖြည့်စွက် ရေးသားပေးလို့ ရပါတယ်။

 

Su Mon Oo

Ref: Marine Insight

Read times
Rate this item
(1 Vote)