ကိုရီးယား ဘူဆန်ဆိပ်ကမ်း အထပ်မြင့် ကွန်တိန်နာစင် တည်ဆောက်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
DP World သည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းတွင် ၎င်း၏ BOXBAY အထပ်မြင့် ကွန်တိန်နာစင် သိုလှောင်မှုစနစ်ကို ပထမဆုံး စီးပွားဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Pusan Newport Corporation (PNC) နှင့် Boxbay FZCO တို့အကြား စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
Boxbay FZCO သည် DP World နှင့် ဂျာမန်မှ နည်းပညာ ပေးသွင်းသူ SMS Group တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။
SMS group သည် ကနဦးဒီဇိုင်းနှင့် အင်ဂျင်နီယာလုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်သည်။
DP World သည် BOXBAY ကို SMS နှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့သည်။
SMS သည် မူလက လေးလံသည့် သတ္တုကွိုင်များကို ကိုင်တွယ်ရန် သိုလှောင်မှုစနစ်ကို ဖန်တီးခဲ့သည်။
သတ္တုစက်မှုလုပ်ငန်းတွင် မှတ်ကျောက်တင်ခဲ့သည့် နည်းပညာကို ဆိပ်ကမ်း ထောက်ပံ့ပို့ဆောင်ရေးအတွက် မွမ်းမံခဲ့ကြသည်။
ယူအေအီးမှ ဒူဘိုင်းတွင် တည်ရှိသော Jebel Ali ကွန်တိန်နာဆိပ်ခံ Terminal-4 တွင် DP World နှင့် SMS တို့က နမူနာ အထပ်မြင့် ကွန်တိန်နာစင်ကို ၂၀၂၁ ဇန်နဝါရီလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး သုံးစွဲခဲ့သည်။
၂၀၂၂ ခုနှစ် ဇွန်လကုန်တွင် ကွန်တိန်နာ ခုရေ ၁၉၀,၀၀ ကို လက်တွေ့လုပ်ငန်းခွင်တွင် ကိုင်တွယ် ဆောင်ရွက်ခဲ့ပါသည်။
ဘူဆန်မှ အထပ်မြင့် ကွန်တိန်နာစင် အမိုးကို ဆိုလာပြားများ တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်သုံးစွဲမည် ဖြစ်သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U