ပိတ်ထားသည့် တရုတ်သင်္ဘောကျင်းများ လုပ်ငန်းပြန်စ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ပိတ်ထားသော တရုတ်သင်္ဘောကျင်းသည် သင်္ဘောအသစ် တည်ဆောက်ရန် အမှာစာများ ဖောင်းပွနေသည့် အခွင့်အခါကောင်းကို ရယူနိုင်ရန်အတွက် သင်္ဘောကျင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည်။
ယခင်က Jinhai Heavy Industries ဟုခေါ်သော Jinhai Intelligent Manufacturing သည် ၎င်း၏ သင်္ဘောကျင်းကို တရုတ်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတစ်ခုထံ အငှားချဖို့ ကြိုးပမ်းနေသည်။
Zhejiang အခြေစိုက် Jinhai သည် ၎င်း၏ မိခင်လုပ်ငန်း HNA Group ၏ ကြီးမားသောအကြွေးများကြောင့် လုပ်ငန်း ရပ်ထားရသည်မှာ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်သည်။
Ningbo အနီး Zhoushan ကျွန်းစုတွင် ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သင်္ဘော ရှစ်စီးစာ နေရာရှိသည်။ သင်္ဘောအသစ်တည်ဆောက်ခြင်း၊ သင်္ဘောအဟောင်း ပြုပြင်ထိန်းသိမ်းခြင်းများကို လုပ်ကိုင်ခဲ့သည်။ အကြီးဆုံး သင်္ဘောနေရာသည် ကွန်တိန်နာသင်္ဘော အကြီးစား၊ ရေနံတင်သင်္ဘော အကြီးစား VLCC အရွယ်အစား ဝင်ဆန့်သည်။
တရုတ်နိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သင်္ဘောကျင်းအသစ် အများအပြား ပေါ်ထွက်ခဲ့သည်။ ထို့နောက် အကြောင်းကြောင်းကြောင့် လုပ်ငန်းရပ်သွားကြသည်။
ပြီးခဲ့သည် ၁၂ လတာအတွင် ပိတ်ထားသော သင်္ဘောကျင်းများ လုပ်ငန်း ပြန်စလာကြသည်။ STX Dalian, Hengli Heavy Industries, Weihai Samjin Shipbuilding, Rongsheng Heavy Industries တို့၏ ပိတ်ထားသော သင်္ဘောကျင်းများ လုပ်ငန်းပြန်စကြသည်။ Rongsheng Heavy Industries သည် SPS Shipyard အမည်သစ်ဖြင့် လုပ်ငန်း ပြန်စခဲ့သည်။
သင်္ဘောအသစ် တည်ဆောက်မှု များပြားခဲ့သည့် နှစ်များမှာ ၂၀၀၆-၀၈၊ ၂၀၁၃-၁၅ နှင့် ယခု ၂၀၂၁-၂၃ တို့ ဖြစ်သည်။ ယခု ချထားသော အမှာစာများသည် ၂၀၅-၂၆ အထိ သင်္ဘောကျင်းများ အလုပ်မပြတ် ရှိနေကြမည် ဖြစ်သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U