ကမ္ဘောဒီးယားတွင် ဂျပန်အကူအညီ ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးစခန်အသစ် ဖွင့်လှစ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘောဒီးယားနိုင်ငံရှိ Sihanoukville Port Special Economic Zone (SPSEZ) တွင် ဂျပန်အကူအညီဖြင့် တည်ဆောက်ခဲ့သည့် ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးစခန်အသစ်ကို ဖွင့်လှစ်ခဲ့ပါသည်။
ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးစခန်အသစ် ဆောက်လုပ်ရေးအတွက် ဘဏ္ဍာရေး အထောက်အပံ့ ကန်ဒေါ်လာ ၄.၆ သန်းကို ဂျပန်နိုင်ငံမှ Grant Aid for the Economic and Social Development Programme က ပေးအပ်ပါသည်။
ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေး စခန်းသစ်သည် ဇုန်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ပါသည်။ ထို့ပြင်
ဂျပန်အပါအဝင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ေစမည်ဖြစ်ပါသည်။
ဂျပန်ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲအကူအညီအပြင် အတွေ့အကြုံရှိ ဂျပန်နည်းပညာရှင်များနှင့် အင်ဂျင်နီယာများထံမှ သင်တန်းပို့ချမှုများ ရရှိခဲ့ပါသည်။
ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေး စခန်းသစ်နှင့် AEON Mall မှ ရင်းနှီးမြုပ်နှံထားသော AEON သုိလှောင်ရုံ စီမံကိန်းတို့သည် ဆိပ်ကမ်း၏ စီးပွားရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကူညီ မြှင့်တင်ပေးမည်ဖြစ်ပါသည်။
Sihanoukville ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိပ်ကမ်းသည် မီတာ ၄၀၀ အရှည် ကွန်တိန်နာ ဆိပ်ခံအသစ် တစ်ခု၊ 350 မီတာရှည်သော ဘက်စုံသုံး ဆိပ်ခံတစ်ခု၊ ကမ်းေခြကို ၂၅၃ မီတာရှည်သော ကွန်တိန်နာဆိပ်ကမ်းအဖြစ် ပြောင်းလဲခြင်း၊ ပင်လယ်ရေနက်ကွန်တိန်နာ ဆိပ်ကမ်းကို အဆင့်သုံးဆင့်ဖြင့် တည်ဆောက်ခြင်းတို့အတွက် ဂျပန်နိုင်ငံမှ အတိုးနှုန်းသက်သာသည့် ချေးငွေ ရရှိထားပါသည်။
ဆိပ်ကမ်းသည် နောက်ထပ် ရွေ့လျားဆိပ်ကမ်းကရိန်းနှစ်စင်းကို လက်ခံရရှိမည်ဖြစ်သည်။
Source khmertimeskh
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U