Port News

ပြန်ပေးဆွဲခံရသည့် စင်ကာပူမှတ်ပုံတင်သင်္ဘော Success 9 ကို တွေ့ရှိ

ပြန်ပေးဆွဲခံရသည့် စင်ကာပူမှတ်ပုံတင်သင်္ဘော Success 9 ကို တွေ့ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပင်လယ်ဓားပြများ ပြန်ပေးဆွဲခံရသော စင်ကာပူနိုင်ငံမှ မှတ်ပုံတင်ထားသော ရေနံတင်သင်္ဘော Success 9 အား စနေနေ့ (ဧပြီ ၁၅ ရက်) တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အိုင်ဗရီကို့စ်ရှိ Abidjan ဆိပ်ကမ်းသို့ ခေါ်ဆောင်လာကြောင်းအိုင်ဗရီကို့စ် စစ်တပ်က ပြောကြားသည်။

ပင်လယ်ဓားပြများလက်ထဲ ၅ ရက်ကြာပြီးနောက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သင်္ဘောပေါ် မှ သင်္ဘောသားများ အားလုံး ကျန်းမာရေး ကောင်းမွန်စွာ ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 ရေနံတင်သင်္ဘော Success 9 ၏ပိုင်ရှင် Hai Soon Group လက်အောက်ခံ လုပ်ငန်း HS Ocean သည် တနင်္လာနေ့တွင် ပင်လယ်ဓားပြများ အစီးရပြီးသည့်နောက်တွင်  သင်္ဘောကို ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

.

အိုင်ဗရီကို့စ်ရေတပ်က သင်္ဘောကို ပြင်သစ်ရေတပ်လေယာဉ် အကူအညီနှင့်အတူ ရှာဖွေခဲ့ကြောင်း အိုင်ဗရီကို့စ်တပ်ဖွဲ့ စစ်ဦးစီးချုပ် Lassina Doumbia က ကြေညာချက် ထုတ်ပြန်သည်။

အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မပြုချေ။

ရေနံတင်သင်္ဘော Success 9 ပင်လယ်ဓားပြ အစီးခံရသည့် Gulf of Guinea တွင် လတ်တလောနှစ်များအတွင်း ပင်လယ်ဓားပြများ ကျက်စားရာနေရာ ဖြစ်နေခဲ့သည်။


ယခင်ဖော်ပြချက်

စင်ကာပူမှတ်ပုံတင် သင်္ဘော 'Success 9' 

https://www.logisticsguide.com.mm/en/industry-news/port-new/227138-success-9.html


 Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)