Port News

တစ်ပတ်အတွင်း ပင်လယ်ကွေ့မှာ ဒုတိယမြောက် ရေနံတင်သင်္ဘော အီရန် ထပ်မံဖမ်းဆီး

တစ်ပတ်အတွင်း ပင်လယ်ကွေ့မှာ  ဒုတိယမြောက် ရေနံတင်သင်္ဘော အီရန် ထပ်မံဖမ်းဆီး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ် မေ ၃ ရက်အစောပိုင်းတွင်  ဒူဘိုင်းမှ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာရေဗျပင်လယ်ကွေ့ရှိ Fujairah ဆိပ်ကမ်းသို့ သွားရန် Hormuz ရေလက်ကြား ဖြတ်သန်းနေသည့်  ပနားမားအလံတင် ရေနံတင်သင်္ဘော Niovi ကို အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်မှ အမြန်တိုက်ခိုက်ရေးရေယာဉ်များက စီးနင်းသိမ်းပိုက်လိုက်သည်။

ပင်လယ်ကွေ့ရေပြင်တွင် သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် ရေနံတင်သင်္ဘောတစ်စင်းကို အီရန်က ဗုဒ္ဓဟူးနေ့ (မေ ၃) တွင် ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။

 

 ပနားမားအလံတင် ရေနံတင်သင်္ဘော Niovi သည်ကျဉ်းမြောင်းသော ဟော်မုဇ် ရေလက်ကြားကို ဖြတ်သွားစဉ်တွင် အီရန်နိုင်ငံမှ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ရေတပ် Islamic Revolutionary Guard Corps Navy (IRGCN) (IRGCN) က နံနက် ၆ နာရီ ၂၀ မိနစ်တွင် ဖမ်းဆီးခဲ့သည်ဟု အမေရိကန်ရေတပ်က ကြေညာသည်။

 

တရားလုိတစ်ဦး၏ တိုင်ကြားချက်အရ ရေနံတင်သင်္ဘောကို တီဟီရန်အစိုးရရှေ့နေက ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း တရားစီရင်ရေးမဏ္ဍိုင်၏ Mizan သတင်းဌာနက သတင်းဖော်ပြသည်။  နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြထားပါ။

 

ဧပြီလ ၂၇ ရက် ကြာသပတေးနေ့ တွင် အီရန်က ရေနံတင်သင်္ဘော Advantage Sweet ကို ဖမ်းဆီးပြီး ထိန်းသိမ်းထားစဉ် ယခု  ရေနံတင်သင်္ဘော Niovi ကို ထပ်မံဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

 

Niovi ၏ ပိုင်ရှင်မှာ Grand Financing Co ဖြစ်ပြီး ဂရိအခြေစိုက် Smart Tankers က စီမံခန့်ခွဲသည်။ 

 

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)