အီရန်က တတိယမြောက် ရေနံတင်သင်္ဘောကို ဖမ်းဆီးသိမ်းပိုက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အီရန်သည် နောက်ထပ် ရေနံတင်သင်္ဘောကို ဖမ်းဆီးသိမ်းပိုက်ခဲ့ရာ ၁၉ ရက်အတွင်း အီရန် ဖမ်းဆီးသည့် ရေနံတင်သင်္ဘော ၃ စီး ရှိသွားပြီ ဖြစ်သည်။
.
ယခုတစ်ကြိမ် ဖမ်းဆီးသည့် ရေနံတင်သင်္ဘောမှာ ပြည်ပကုမ္ပဏီတစ်ခုမှာ လွန်ခဲ့သည့် ၅ နှစ်တုန်းက မတရားသဖြင့် ရယူပြီး ပြေးဆွဲနေသည့် ရေနံတင်သင်္ဘော ဖြစ်သည်ဟု အီရန် အစိုးရ သတင်းဌာန IRNA က သတင်းဖော်ပြသည်။ ယခု ဖမ်းဆီးသိမ်းပိုက်ခြင်းသည် ၎င်းရေနံတင်သင်္ဘောကို ပြန်လည် ရယူလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
.
“ဖမ်းဆီးရမိသည့် တန်ချိန် ၁၀,၀၀၀ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘော Purity သည် ၂၀၁၈ ခုနှစ်ကတည်းက စာရွက်စာတမ်းအတုပြုလုပ်ပြီး နိုင်ငံခြားသားတစ်ဦးထံ တရားမဝင် ငှားရမ်းခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းရေနံတင်သင်္ဘော၏ အီရန်ပိုင်ရှင်များသည် ရေနံတင်သင်္ဘော၏ အကျိုးခံစားခွင့်များကို ဆုံးရှုံးခဲ့ရသည်" ဟု အီရန် တရားရေးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။
.
Tehran Times သတင်းစာ၏အဆိုအရ တရားရုံးအမိန့်ချပြီးနောက် တန်ချိန် ၁၀,၀၀ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘော Purity သည် အီရန်ရေပိုင်နက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပါရှန်းပင်လယ်ကွေ့တွင် ထောက်လှမ်းရေး ဝန်ကြီးဌာနနှင့် Islamic Revolution Guards Corps (IRGC) ရေတပ်တို့ ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်။
ယခင် ဖမ်းဆီးခဲ့သည့် ရေနံတင်သင်္ဘော ၂ စီး အကြောင်း ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ။
တစ်ပတ်အတွင်း ပင်လယ်ကွေ့မှာ ဒုတိယမြောက် ရေနံတင်သင်္ဘော အီရန် ထပ်မံဖမ်းဆီး
https://www.logisticsguide.com.mm/en/industry-news/port-new/227180-niovi.html
ရေနံတင်သင်္ဘော Advantage Sweet ဆက်လက် ဖမ်းဆီးထိန်းသိမ်းထား
https://www.logisticsguide.com.mm/en/industry-news/port-new/227178-advantage-sweet.html
၎င်းသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့၏ အနောက်ဘက်စွန်းကမ်းရိုးတန်းရှိ Assaluyeh ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး ၎င်းသင်္ဘောပေါ် ပါလာသည့် လောင်စာဆီများကို ကုန်ချနေသည်ဟု Tehran Times က သတင်းဖော်ပြသည်။
.
အီရန်အာဏာပိုင်တို့က သက်တမ်း ၁၅ နှစ်ရှိ ပနားမားအလံတင် (9,250 dwt) ရေနံထွက်ပစ္စည်းတင်သင်္ဘော Purity ကို ထိန်းချုပ်ထားကြောင်း Tehran Times က သတင်းဖော်ပြသည်။
.
Purity သည် ပါရှန်းပင်လယ်ကွေ့နှင့် အိန္ဒိယတို့အကြား ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသည့် သင်္ဘော ဖြစ်သည်။
Purity ကို ၂၀၁၂ ခုနှစ်မှစ၍ ဟောင်ကောင်အခြေစိုက် Sun Ocean Shipping က ပိုင်ဆိုင်ခဲ့ပြီး ယမန်နှစ်တွင် စီမံခန့်ခွဲမှုကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ကုမ္ပဏီတစ်ခု လက်ထဲသို့ ထည့်ခဲ့သည်။
.
ဘာရိန်းအခြေစိုက် အမေရိကန်ရေတပ်က ပါရှန်ပင်လယ်ကွေ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါသည်။
Source oilprice
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U