တိမ်းမှောက်ခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘော အသက်ရှင်ကျန်ရစ်သူ မတွေ့ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး စုစုပေါင်း သင်္ဘောသား ၃၉ ဦး ပါသည့် ပင်လယ်ကမ်းဝေး တရုတ်ငါးဖမ်းသင်္ဘော Lupeng Yuanyu 028 သည် မေလ ၁၆ ရက်တွင် အိန္ဒိယ သမုဒ္ဒရာ၌ တိမ်းမှောက်ခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများကို အစွမ်းကုန် ကြိုးပမ်းရှာဖွေရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားခဲ့သည်။
.
ဩစတြေးလျ၏ ကျယ်ပြောလှသော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဒေသအတွင်း မေလ ၁၆ ရက် အစောပိုင်းက Lupeng Yuanyu 028 နစ်မြုပ်ခဲ့ကြောင်း ကင်ဘာရာဆိုင်ရာ ပေကျင်းသံအမတ်ကြီးက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဩစတြေးလျအနောက်ပိုင်း ပြည်နယ်မြို့တော် Perth ရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀၀၀ အကွာမှာ နောက်ဆုံးတွေ့ခဲ့ရသည်။
.
တိမ်းမှောက်ခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘောမှ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသင်္ဘောပေါ်မှ ကျန်ရှိသည့် သင်္ဘောသား ၃၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါသည်။
.
ကယ်ဆယ်ရေးအဖွဲ့များသည် ဧရိယာစတုရန်းကီလိုမီတာ ၄၈,၄၀၀ ခန့်ကို ပိုက်စိက်တိုက် ရှာဖွေခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သူများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရကြောင်း တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (မေ ၂၃)တွင် ပြောကြားခဲ့သည်။
.
ဩစတြေးလျ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊မော်လ်ဒိုက်နှင့် ဖိလစ်ပိုင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
.
မေလ ၁၈ ရက်တွင် အိန္ဒိယရေတပ်က အဆိုပါ တိမ်းမှောက်နေသည့်သင်္ဘောကို တွေ့ရှိခဲ့ကြောင်း ကြေညာသည်။
တိမ်းမှောက်နေသည့် သင်္ဘောသည် အရှေ့သို့ ဦးတည်ပြီး ဖြည်းဖြည်းချင်း မျောပါနေပြီး အနီးတစ်ဝိုက်တွင်ဘသင်္ဘော ၁၃ စီး ဆက်ရှိနေသည်။
အဆိုပါသင်္ဘောကို ရှန်ဒေါင်ပြည်နယ်အခြေစိုက် Penglai Jinglu Fishery Co Ltd က ပိုင်ဆိုင်သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U