Port News

တိမ်းမှောက်သည့် Lu Peng Yuan Yu 028 အသက်ရှင်ကျန်သူမရှိဟု ကြေညာ

တိမ်းမှောက်သည့်  Lu Peng Yuan Yu 028  အသက်ရှင်ကျန်သူမရှိဟု ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြီးခဲ့သည့် သီတင်းပတ်က နစ်မြုပ်ခဲ့သော သင်္ဘောသား ၃၉ ဦး လိုက်ပါလာသည့် တရုတ်ငါးဖမ်းလှေတွင် ရုပ်အလောင်း ၁၄ လောင်း တွေ့ရှိခဲ့ကြောင်း သီရိလင်္ကာ ရေတပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

.

 မေလ ၁၆ ရက်နေ့က တိမ်းမှောက်ခဲ့သည့် အဆိုပါ သင်္ဘောပေါ်မှ အသက်ရှင်ကျန်ရစ်သူ မရှိဟု တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏  ပဏာမ စုံစမ်းစစ်ဆေးမှု ရလဒ်ကြေညာခဲ့ပြီး တစ်ရက်အကြာတွင်  ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။


ယခင်ဖော်ပြချက်

တိမ်းမှောက်ခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘော အသက်ရှင်ကျန်ရစ်သူ မ‌တွေ့ရှိ

https://www.logisticsguide.com.mm/en/industry-news/port-new/227231-capsized-chinese-fishing-vessel.html


Lu Peng Yuan Yu 028 တွင် တရုတ်နိုင်ငံသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး လိုက်ပါလာပါသည်။ 

Lu Peng Yuan Yu 028 သည် ဩစတေးလျ၏ ကျယ်ပြောလှသော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဧရိယာအတွင်း  Perth မြို့၏ အနောက်ဘက် ကီလိုမီတာ ၅၀၀၀ အကွာတွင် မျောနေပါသည်။ 

အဆိုပါ ငါးဖမ်းသင်္ဘောကို သီရိလင်္ကာနိုင်ငံတောင်ဘက် ကီလိုမီတာ ၁၀၀၀ ခန့်တွင် မေလ ၁၈ ရက်က တွေ့ရှိခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

.

သင်္ဘောကိုယ်ထည် အနီရောင် ဝမ်းဗိုက် တစ်စိတ်တစ်ပိုင်းသည် ရေပေါ်တွင် ပေါ်နေဆဲ ဖြစ်ပါသည်။

photo_2023-05-25_19-41-45.jpg 

သီရိလင်္ကာရေတပ်မှ ထုတ်ပြန်သော ဓာတ်ပုံတွင် သီရိလင်္ကာနိုင်ငံတောင်ဘက် ကီလိုမီတာ ၁၀၀၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာတွင် တိမ်းမှောက်ခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘော Lu Peng Yuan Yu 028 ၏ ဝမ်းဗိုက်ကို တွေ့ရပုံ

 

သီရိလင်္ကာရေတပ်က ၎င်း၏ ရေငုပ်သမားများသည် မြှုပ်နေသော သင်္ဘောအတွင်း အလောင်း ၁၄ လောင်း အင်္ဂါနေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂ လောင်းကို ယူလာနိုင်ခဲ့ကြောင်း ကြေညာပါသည်။

.

"သင်္ဘောအတွင်း ညစ်ညမ်းနေသော ရေများထဲမှာ ပုပ်ပွနေသော အလောင်းများကို အပြင်သို့ ထုတ်ယူရန်မှာ ရေငုပ်သမားများတွင် လုံလောက်သော အကာအကွယ် ဝတ်စုံနှင့် ပစ္စည်းကိရိယာများ မရှိသဖြင့် အလွန်အမင်း အန္တရာယ် ကြီးမားပါသည်။ သို့ဖြစ်ရာ အလောင်းဆယ်ယူခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ကြပါသည်" ဟု သီရိလင်္ကာရေတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

.

သင်္ဘောအတွင်း အလောင်းများ တေ‌ွ့ရှိခဲ့သည့် နေရာများကို မြေပုံဖြင့် ဖော်ပြပြီး တရုတ်အာဏာပိုင်တို့ထံ ပေးပို့ခဲ့ကြောင်း သီရိလင်္ကာရေတပ်က ပြောကြားပါသည်။

အလောင်းများသည် မည်သည့်နိုင်ငံသားများ ဖြစ်ကြောင်း မသိနိုင်ပါ။

.

ဩစတြေးလျသည် နိုင်ငံတကာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန်အတွက် လေယာဉ်သုံးစင်းနှင့် သင်္ဘောလေးစင်းကို စေလွှတ်ခဲ့ပါသည်။

ကယ်ဆယ်ရေးသမားများသည် ဧရိယာစတုရန်းကီလိုမီတာ ၆၄,၀၀၀ ခန့်ကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပါသည်။ "အသက်ရှင်ကျန်ရစ်သူ အရိပ်အယောင် မတွေ့ခဲ့ရပါဘူး” ဟု တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

.

တောင်ကိုရီးယားရှိ ဘူဆန်သို့ သွားရန် မေလ ၅ ရက်နေ့တွင် တောင်အာဖရိကရှိ Cape Town မှ ထွက်ခွာခဲ့ပါသည်။ 

.

ပင်လယ်ပြင်တွင် ဆိုင်ကလုန်း Fabian ကြောင့် လှိုင်းလုံးများ ၇ မီတာအထိ မြင့်မားလာပြီး  တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့် လေပြင်းများ တိုက်ခတ်လာနေစဉ်  ငါးဖမ်းသင်္ဘော၏ အရေးပေါ် အကူအညီ တောင်းခံချက်ကို ရရှိခဲ့ပါသည်။

သို့ဖြစ်ရာ မုန်တိုင်းကြောင့် သင်္ဘောတိမ်းမှောက်ခဲ့သည်ဟု ကောက်ချက်ချပါသည်။

 .

အဆိုပါသင်္ဘောကို တရုတ်နိုင်ငံ၏ နိုင်ငံပိုင် အဓိကငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်သည့် Penglai Jinglu Fishery Company မှ ပိုင်ဆိုင်သည်။

အရောင်တောက် ပြည်ကြီးငါးအနီ neon flying squid နှင့် ပစိဖိတ်ဆာရီငါး Pacific saury အတွက် ငါးဖမ်းရန် ခွင့်ပြုထားကြောင်း မြောက်ပစိဖိတ်ငါးလုပ်ငန်းကော်မရှင်မှ ပြောကြားသည်။

Penglai Jinglu Fishery သည် ပြည်ကြီးငါး၊ တူနာငါး ဖမ်းဆီးခြင်းလုပ်ငန်းကို နိုင်ငံတကာ ရေပိုက်နက်တွင် လုပ်ကိုင်ပါသည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)