Adani Group ပင်လယ်ဆိပ်ကမ်းနှင့် လော့ဂျစ္စတစ် အပါအဝင် ဗီယက်နမ်တွင် ဒေါ်လာ ၃ ဘီလီ ရင်းနှီးမြှုပ်နှံမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Adani Ports and Special Economic Zons Ltd APSEZ စီအီးအို Karan Adani က Adani Group သည် ဗီယက်နမ်တွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။
ပင်လယ်ဆိပ်ကမ်းနှင့် လော့ဂျစ္စတစ်တို့အပြင် စွမ်းအင်နှင့် ဒစ်ဂျစ်တယ်နည်းပညာတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။
စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများတွင် ဆိုလာစွမ်းအင်နှင့် လေအားလျှပ်စစ်တို့ ပါဝင်မည်။
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က Adani Ports and Special Economic Zone Ltd (APSEZ) အမှုဆောင်အရာရှိချုပ် Karan Adani အား ဟနွိုင်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
"Adani Group သည် ဗီယက်နမ်တွင် ပင်လယ်ဆိပ်ကမ်းတစ်ခု အပြင် လေနှင့် နေစွမ်းအင်ဆိုင်ရာ စီမံကိန်းများ လုပ်ကိုင်လိုပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပြုမည်" ဟု ဗီယက်နမ်အစိုးရက ကြေညာချက် ထုတ်ပြန်သည်။
မေလတွင် Adani Ports and Special Economic Zone Ltd က ရန်ကုန်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း အကောင်အထည်ဖော်နေသည့် လက်အောက်ခံ လုပ်ငန်းခွဲ Myanmar Port Coastal International Terminals Pte Limited ကို ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းအဝယ် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။
Source business today india
Source Guide4U
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U