ပနားမားတူးမြောင်း၏ ရေစူးထပ်မံ လျှော့ချရခြင်းကြောင့် ရေကြောင်း ကုန်သွယ်မှု ထိခိုက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရာသီဥတု ဖောက်လွဲဖောက်ပြန် ဖြစ်နေခြင်းသည် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုတွင် အရေးအပါဆုံး တူးမြောင်း တစ်ခု ဖြစ်သော ပနားမားတူးမြောင်းကို ဒုက္ခပေးသည်။
ပနားမားတူးမြောင်း ရေအနက်လျော့ကျနေသဖြင့် ပနားမားတူးမြောင်းအာဏာပိုင် Panama Canal Authority (ACP) က ရေစူးကန့်သတ်ချက်များ ထုတ်ပြန်သည်။
၂၀၂၃ မေလတွင် ၁၉၅၀ ခုနှစ်နောက်ပိုင်း ရေအတိမ်ဆုံးဟု ACP က ပြောကြားသည်။
အယ်နီညို ဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာမည်ဟု ရာသီဥတု ပညာရှင်များက ပြောကြားသည်။
အမေရိကတိုက် အလယ်ပိုင်းတွင် ပိုမို ပူနွေးသောရာသီဥတုအခြေအနေများ ဖြစ်ပေါ်နေစေသည်။
သို့ဖြစ်ရာ ပနားမားတူးမြောင်း ရေခမ်းခြောက်လာသည်။
အကယ်စင်စစ် ဤသို့သော ပြဿနာမျုိးကို ပနားမားတူးမြောင်း တွေ့ကြုံခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပါ။
၂၀၁၅-၁၆ တွင်လည်း ကြုံခဲ့ဖူးပြီး ရေများကို ထိန်းသိမ်းရသည့်အတွက် ACP သည် ကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင် သုံးစွဲခဲ့ရသည်။
နောက်ထပ် ၃ နှစ်အကြာ ၂၀၁၉ ခုနှစ်၏ ဧပြီလတွင် ACP က ရေစူးကို အများဆုံး ၄၄ ပေအထိသာ ခွင့်ပြုကြောင်း ကန့်သတ်ခဲ့သည်။ နောက်တစ်လအကြာတွင် တစ်ပေ ထပ်လျှော့ပြီး ၄၃ ပေဟု ကန့်သတ်ခဲ့သည်။
ယခုအထိ ခွင့်ပြု ရေစူး လျှော့ချခဲ့သည်မှာ ၆ ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။
ပနားမားတူးမြောင်း ရေစူးကန့်သတ်ချက်အသစ် ပြဋ္ဌာန်း
https://www.logisticsguide.com.mm/en/knowledge/rules-regulations/227228
အချို့သင်္ဘောများ ရေစူးလွတ်အောင် ကုန်လျှော့တင်ပြီး ပနားမားတူးမြေင်းကို အသုံးပြုကြရသည်။
၂၀၂၃ ဧပြီလတွင် ACP က အများဆုံး ခွင့်ပြုရေစူးကို ပေ ၅၀ မှ ၄၇.၅ ပေသို့ လျှော့ချသည်။ ထို့နောက် မေလလယ်တွင် ၄၆ ပေသို့ ထပ်မံလျှော့ချသည်။
ပနားမားတူးမြောင်းကို အသုံးပြုနိုင်သည့် အကြီးဆုံး အရွယ်အစား panamax ကို ၂၀၁၆ ခုနှစ်တွင် ြမှင့်တင်ပေးခဲ့ပြီး အကြီးဆုံး အရွယ်အစား ကန့်သတ်ချက်အသစ် “neopanamax” အရ ပိုကြီးမားသော သင်္ဘောကြီးများ အသုံးပြုနိုင်သွားသည်။ ယခု ရေခမ်းခြောက်ခြင်းကြောင်း neopanamax သင်္ဘောကြီးများကို ပနားမားတူးမြောင်းက ကိုင်တွယ်ပေးဖို့ အခက်အခဲ ရှိလာပြီ ဖြစ်သည်။
ယခုအခါ neopanamax တို့အတွက် ခွင့်ပြုရေစူးသည် ၄၄.၅ ပေ (၁၃.၅၆ မီတာ) ဖြစ်သည်။ ပုံမှန်အားဖြင့် ခွင့်ပြုရေစူးမှာ ပေ ၅၀ (၁၅.၂၄ မီတာ) ဖြစ်သည်။
လာမည့် ဇွန်လ ၂၅ ရက်တွင် ခွင့်ပြုရေစူး ၄၃.၅ ပေ (၁၃.၂၆ မီတာ) ဟု လျှော့ချ သတ်မှတ်မည်။
အာရှ- အမေရိကန် အရှေ့ဘက်ကမ်းခြေ ခရီးစဉ်များ၊ ဉရောပ-တောင်အမေရိက အနောက်ဘက်ကမ်းခြေ ခရီးစဉ်များ ထိခိုက်မည် ဖြစ်သည်။ ထို့ပြင် အမေရိကန် ပင်လယ်ကွေ့ကမ်းခြေမှ အရှေ့ဖျား ခရီးစဉ်များလည်း ထိခိုက်မည်။
အချို့ကွန်တိန်နာသင်္ဘောကြီးများသည် ကုန် ၄၀% လျှော့ပြီး သယ်ဆောင်ကြရမည်။
၂၀၂၃ ဧပြီလတွင် neopanamax သင်္ဘော ၂၈၅ စင်း ပနားမားတူးမြောင်းကို အသုံးပြုခဲ့ကြသည်။ ထက်ဝက်ခန့်သည် ကွန်တိန်နာသင်္ဘောများ ဖြစ်သည်။
ယခုအခါ neopanamax ကွန်တိန်နာသင်္ဘောများသည် ကုန်လျှော့တင်ပြီး ပနားမားတူးမြောင်းကို အသုံးပြုကြရမည် ဖြစ်သည်။
ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd သည် ပနားမားတူးမြောင်းကြေး PCC (Panama Canal Charge) ကွန်တိန်နာတစ်လုံး $500 ကို ဇွန်လ ၁ ရက်တွင် စတင် ကောက်ခံသည်။ အာရှ- အမေရိကန် အရှေ့ဘက်ကမ်းခြေ ခရီးစဉ်များတွင် ပနားမားတူးမြောင်းကို ကုန်လျှော့တင်ပြီး ဖြတ်သန်းရမည် ဖြစ်သဖြင့် ကောက်ခံခြင်း ဖြစ်သည်။
ပနားမားတူးမြောင်းသည် LNG တင်သင်္ဘောများအတွက်လည်း အရေးပါသည်။
အမေရိကန် ပင်လယ်ကွေ့ကမ်းခြေရှိ ဆိပ်ကမ်းများတွင် အာရှအတွက် LNG ကို သင်္ဘောတင်သည်။ ထိုသင်္ဘောများသည် ပနားမားတူးမြောင်းကို အသုံးပြုကြသည်။ သို့ဖြစ်ရာ LNG တင်သင်္ဘောများတွင်လည်း ရေစူးလွတ်အောင် ကုန်လျှော့တင်ရသည့်အခါ ပနားမားတူးမြောင်းကြေး PCC ကောက်ခံကြဖွယ် ရှိပေသည်။
Source Maritime Executive
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U