တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် အပျော်စီးသင်္ဘောကို ရှန်ဟိုင်းတွင် ရေချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသော အပျော်စီးသင်္ဘောကြီးသည် အင်္ဂါနေ့(ဇွန် ၆)တွင် ရှန်ဟိုင်းရှိ သင်္ဘောကျင်းတွင် ရေချပြီး ဆိပ်ခံတွင် ကြိုးဆိုင်းထားပါသည်။
.
Adora Magic City ဟု အမည်ပေးထားသည့် အပျော်စီးသင်္ဘောကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် လွှဲပြောင်းပေးအပ်နိုင်ရန် မျှော်မှန်းထားပါသည်။
.
ယခုအခါ တည်ဆောက်မှု ၉၃% ပြီးစီးကြောင်း၊ အတွင်းပိုင်းကို ၈၅% ပြီးစီးကြောင်း China State Shipbuilding Corporation (CSSC) Shanghai Waigaoqiao Shipbuilding Co. က ကြေညာပါသည်။
.
အပျော်စီးသင်္ဘောသည် အရှည် ၃၂၃ ဒသမ ၆ မီတာနှင့် အကျယ် ၃၇ ဒသမ ၂ မီတာရှိပြီး စုစုပေါင်းတန်ချိန် ၁၃၅,၅၀၀ တန် ရှိပါသည်။ ခရီးသည် ဦးရေ ၆,၅၀၀ ကျော် လိုက်ပါနိုင်ပါသည်။
သင်္ဘောပေါ်တွင် ဇိမ်ခံဟိုတယ်၊ ရုပ်ရှင်ရုံနှင့် ရေပန်းဥယျာဉ်တို့ ပါရှိမည်ဖြစ်သည်။
.
“အပျော်စီးသင်္ဘော လွှဲပြောင်း ပေးအပ်ပြီးရင် ရှန်ဟိုင်းကနေ ထွက်ခွာပြီး ဂျပန်နဲ့ အရှေ့တောင်အာရှခရီးစဉ် သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းအပျော်စီးသင်္ဘော၏ အော်ပရေတာဖြစ်သော CSSC Carnival ၏မန်နေးဂျင်းဒါရိုက်တာ Roger Chen က ပြောကြားသည်။
.
တရုတ်နိုင်ငံတွင် အလားတူ အပျော်စီးသင်္ဘော အကြီးစား တစ်စင်းကိုလည်း တည်ဆောက်နေပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U