ကာလကတ္တားဆိပ်ကမ်း စွမ်းရည်မြှင့်တင်ရန် ရူပီး ကုဋေ ၄၀၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကာလကတ္တားဆိပ်ကမ်းသည် ကုန်စည်တန်ချိန် ၆၅.၆၆ သန်း ကိုင်တွယ်ခဲ့သည်။ အသားတင်ပိုငွေ (အမြတ်) ရူပီး ၃၀၄ ကုဋေ ရရှိခဲ့သည်။
ဟူဂလီမြစ်ကမ်းတွင် တည်ရှိသည့် ကာလကတ္တားဆိပ်ကမ်းသည် ယခုအခါ ကုန်စည်တန်ချိန် ၈၇ သန်းကို ကိုင်တွယ်နိုင်ခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် တန်ချိန် သန်း ၁၁၀ အထိ မြှင့်တင်ရန် ယခင်က ရည်မှန်းထားသည်။
ယခုအခါ Syama Prasad Mookerjee Port ဟု တရားဝင်အမည် ခေါ်ဝေါ်သည့် ကာလကတ္တားဆိပ်ကမ်းသည် ၂၀၃၀ ခုနှစ်တွင် ရူပီး ကုဋေ ၄,၀၀၀ ဖြင့် ကုန်တင်ကုန်ချ ကိုင်တွယ်နိုင်စွမ်းကို တန်ချိန် သန်း ၁၃၀ အထိ တိုးချဲ့ရန် စီစဉ်နေကြောင်း ဆိပ်ကမ်း ဥက္ကဋ္ဌ Rathendra Raman က ပြောကြားခဲ့သည်။
ဆိပ်ကမ်းစွမ်းရည် တိုးချဲ့မှုကို စီမံကိန်း ၁၁ ခုဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။
ဆိပ်ကမ်းအာဏာပိုင်များသည် မော်တော်ယာဥ်သွားလာရေးအတွက် ဟူဂလီ မြစ်အောက်တွင် ဥမင်လိုဏ်ခေါင်း အသစ်တည်ဆောက်ရန်အတွက် ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန် စီစဉ်နေသည်။ သို့သော် စလုံးရေစ အဆင့်တွင်သာ ရှိနေသေးသည်။
လက်ရှိတွင် Kolkata Metro အာဏာပိုင်မှ တည်ဆောက်ထားသည့် ဥမင်လိုဏ်ခေါင်း တစ်ခုရှိပြီး ရထားသွားလာရန်အတွက်သာ တည်ဆောက်ထားခြင်း ဖြစ်ပြီး Kolkata Metro Rail Corporation က အသုံးပြုသည်။
Source bqprime
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U