Port News

ပနားမားတူးမြောင်း ကန့်သတ်ချက်များ တစ်နှစ် ထပ်တိုးမည်

ပနားမားတူးမြောင်း ကန့်သတ်ချက်များ တစ်နှစ် ထပ်တိုးမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

မိုးရာသီ ကုန်ဆုံးခါနီးပြီး ဖြစ်သော်လည်း  ပနားမားတူးမြောင်းရှိ ရေပမာဏသည် လုံလောက်စွာ ပြန်ပြည့်လာခြင်း မရှိသေးပေ။ သို့ဖြစ်ရာ နေ့စဥ်ဖြတ်သန်းသည့် သင်္ဘောစီးရေ လျှော့ချကန့်သတ်ခြင်းနှင့် သင်္ဘောရေစူး လျှော့ချကာ ကန့်သတ်ခြင်းတို့ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းအထိ ဆက်လက်ပြဋ္ဌာန်းထားမည် ဖြစ်ကြောင်း တူးမြောင်းအာဏာပိုင်တို့က အင်္ဂါနေ့ (စက်တင်ဘာ ၅) တွင် ပြောကြားသည်။

 

ပနားမားတူးမြောင်း အာဏာပိုင်တို့က ကာလရှည်ကြာ မိုးခေါင်မှုကြောင့် လက်ကျန် ရေကို ထိန်းသိမ်းရန် ယခုနှစ်အစောပိုင်းက ကန့်သတ်ချက်များ စတင်ပြဋ္ဌာန်းခဲ့ပါသည်။

 

တရက်တာ ဖြတ်သန်းစီးရေ လျှော့ချထားသဖြင့် တူးမြောင်းဖြတ်သန်းရန် စောင့်ဆိုင်းကြရသည့် သင်္ဘောစီးရေ များပြားလာခဲ့ပြီး စောင့်ဆိုင်းရသည့်ရက် ကြာချိန်လည်း ပိုကြာမြင့်စေပါသည်။ 

ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးတွင် ခန့်မှန်းခြေအားဖြင့် ၅% ဝန်းကျင်သည် ပနားမားတူးမြောင်းကို အသုံးပြုပါသည်။

 

ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ထားသည့် ပနားမားတူးမြောင်းတွင် စောင့်ဆိုင်းနေရသည့် သင်္ဘောအစီးရေသည် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ၂၀% ခန့် လျော့ပါးသွားခဲ့သည်။

သင်္ဘောများသည် အခြားရေလမ်းကြောင်းကို အသုံးပြုလာကြသဖြင့် စောင့်ဆိုင်းစီးရေ လျော့ကျလာခြင်း ဖြစ်ပါသည်။

သို့သော် စောင့်ဆိုင်းရသည့်ရက် ကြာချိန်သည် ဇူလိုင်လထက် ၂ဆ ကြာမြင့်ပါသည်။

 

 မိုးရွာသွန်းမှု မလုံလောက်သဖြင့် တူးမြောင်းကို ရေပေးသည့် Gatun Lake တွင် ရေနည်းနေပြီး ရေအနက် ၂၄,၂  မီတာအထိ ကျဆင်းသွားခဲ့သည်။

 

နိုဝင်ဘာလတွင် မိုးရာသီ ကုန်ဆုံးပါသည်။ ထိုအခါ Gatun Lake ရေကန်ကြီးတွင် ပုံမှန်အားဖြင့် ရေအနက် ၂၇ မီတာ ရှိပါသည်။ ခြောက်သွေ့ရာသီ ကုန်ဆုံးချိန် ဧပြီလတွင် ရေအနက် ၂၆ မီတာခန့် ကျန်ရှိပါသည်။

 

ကီလိုမီတာ ၈၀ ရှည်လျားသည့် တူးမြောင်းကို သင်္ဘောတစီး ဖြတ်သန်းတိုင်း ရေ လီတာ ၁၉၃ သန်းကို ရေကန်မှ ရယူသုံးစွဲပြီး ပင်လယ်ထဲသို့ ရောက်ရှိသွားပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)