Port News

ရေလျော့နည်းနေသည့် ပနားမားတူးမြောင်း အခြားနေရာမှ ရေရယူမည်

ရေလျော့နည်းနေသည့် ပနားမားတူးမြောင်း အခြားနေရာမှ ရေရယူမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

အတ္တလန္တိတ်နှင့် ပစိဖိတ် သမုဒ္ဒရာ ၂ ခုအကြားဖြတ်လမ်းတစ်ခုဖြစ်သည့် ပနားမားတူးမြောင်းသည် တစ်နေ့လျှင် သင်္ဘော ၄၀ ဝန်းကျင် ဖြတ်သန်းခဲ့ရာမှ  ၃၂ စင်းအထိသာ ခွင့်ပြုနိုင်တော့သည့်အတွက် တူးမြောင်းဖြတ်သန်းခများ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု၏ ခြောက်ရာခိုင်နှုန်းအတွက် အသုံးပြုသည့် ပနားမားတူးမြောင်းသည် မကြာသေးမီက မိုးခေါင်မှုကြောင့် ရေလျော့နည်းနေသဖြင့် သင်္ဘော အသွားအလာ ကန့်သတ်ခဲ့ရသည်။

ယခုအခါ အခြားနေရာများမှ ရေများ ရယူပြီး ဖြည့်တင်းရန် စူးစမ်းလေ့လာနေသည်။

 

 fd21f6dfe4181c1d538823109cb871e264a5e241.jpg

 

 

ပနားမားတူးမြောင်းကို အမေရိကန်၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့အတွက် ရေကြောင်းပို့ဆောင်ရေးအတွက် အဓိကအသုံးပြုသည်။

 

၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော မိုင် ၅၀ (၈၀ ကီလိုမီတာ) တူးမြောင်းရေလမ်းအတွက် လိုအပ်သည့် ရေများကို သိုလှောင်ရန် Gatun Lake အမည်ရှိရေကန်ကြီးတစ်ခု တူးပေးထားသည်။ 

 

"Gatun Lake ရေအနက်ကို ထိန်းထားနိုင်ရန် အခြား ရေအရင်းအမြစ်များ လိုအပ်နေပါတယ်"ဟု တူးမြောင်းအုပ်ချုပ်ရေးမှူး Ricaurte Vasquez က ပနားမားတွင် သတင်းထောက်များအား အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

တူးမြောင်းကိုဖြတ်၍ ရွေ့လျားနေသော သင်္ဘောတစ်စင်းစီသည် ရေပြင်ညှိဆည်တို့ကို ဖြတ်သန်း ရွေ့လျားရန်အတွက် ရေချိုလီတာ သန်း ၂၀၀ လိုအပ်သည်။ ၎င်းရေများကို တူးဖော်ထားသည် ရေကန်နှစ်ခုဆီမှ ရယူသည်။ ၎င်းရေကန်တို့သည် မိုးရေဖြင့်သာ ရေဖြည့်တင်းသည်။

 

၎င်းရေကန်များသည် လူဦးရေ ၄ ဒသမ ၂ သန်းခန့် ရှိသည့် ပနားမားနိုင်ငံ တစ်ဝက်ကို သောက်သုံးရေလည်း ပေးသည်။

 

ယခုအခါ ပနားမားသည် အယ်လ်နီညိုရာသီဥတု ထူးကဲဖြစ်ရပ်ကြောင့် ပိုဆိုးဝါးသည့် မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရသည်။

ရေလျော့နည်းပြီး ရေအနက် လျော့ကျသဖြင့် တူးမြောင်းအာဏာပိုင်တို့က သင်္ဘောရေစူးကို ၁၃.၁၁ မီတာ(၄၃ ပေ) ထက် မပိုရဟု ကန့်သတ်ထားသည်။

ဖြတ်သန်းသည့် သင်္ဘောစီးရေ လျှော့ချထားခြင်း၊ ရေစူး လျှော့ချကန့်သတ်ထားခြင်းတို့ကြောင့် တူးမြောင်း ဝင်ငွေလျော့ကျသည်။ ၂၀၂၄ တွင် ကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် လျော့နည်းလိမ့်မည်။

ယခုလို ကန့်သတ်ထားသဖြင့် တူးမြောင်းဖြတ်သန်းရန် အလှည့်ကျဖို့ စောင့်ဆိုင်းရသည့် ရက် ပိုကြာစေသည်။ စောင့်နေသည့် သင်္ဘောစီးရေလည်း ပိုများနေစေသည်။

ဩဂုတ်လ ၉ ရက်တွင် အလှည့်ကျဖို့ တန်းစီနေသည့်သင်္ဘော ၁၆၃ စီးအထိ ရှိခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်။ 

 

d9fd66ef-9faa-3bcb-99c3-2acd467e23e6-1024x576.jpg

 ပနားမားတူးမြောင်း ဖြတ်သန်းရန် စောင့်ဆိုင်းနေသော သင်္ဘောများ 

 

 

ရေသွယ်ယူရန် နည်းလမ်းတခုမှာ Indio River တွင် ဆည်တခု ဆောက်လုပ်ရန်ဟု Vasquez က ပြောကြားသည်။ တူးမြောင်း၏ အနောက်အရပ်တွင် တည်ရှိမည်ဖြစ်ပြီး Gatun Lake သို့ ၈ ကီလိုမီတာ ရှည်သည့် ပိုက်လိုင်းတစ်ခု သွယ်တန်းပြီး ရေများ ပေးပို့မည် ဖြစ်သည်။

 

နောက်တနည်းမှာ ပနားမားတွင် အကြီးဆုံးရေကန် Gatun Lake ပြီးလျှင် ဒုတိယအကြီးဆုံးရေကန် ဖြစ်သည့် Bayano Lake မှ ရေများကို ရယူရန် ဖြစ်သည်။ ထိုနည်းလမ်းသည် မိုးခေါင်သည့်အခါ Bayano Lake တွင်လည်း ရေများ လျော့နည်းနေနိုင်သည်ဟု Vasquez က ပြောကြားသည်။

 

Source AFP

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)