Port News

ပနားမားတူးမြောင်း ဖြတ်သန်းရန် စောင့်ဆိုင်းစီးရေ ၁၀၀ ကျော်သို့ ပြန်လည်ရောက်ရှိ

ပနားမားတူးမြောင်း ဖြတ်သန်းရန် စောင့်ဆိုင်းစီးရေ ၁၀၀ ကျော်သို့ ပြန်လည်ရောက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပနားမားတူးမြောင်းကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် သင်္ဘောအရေအတွက်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ၉၉ စီး ရှိခဲ့ရာမှ နောက်တစ်ရက် နိုဝင်ဘာဘ ၁၀ ရက်မှာ ၂၂ စီးတိုးပြီး ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲတွင် စုစုပေါင်း ၁၁၂ စီး ဖြစ်သွားသည်။ 

ပနားမားတူးမြောင်းကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် သင်္ဘောအရေအတွက် အများဆုံး စံချိန်မှာ ဩဂုတ်လတွင်ဖြစ်ပြီး အစီး ၁၆၀ ကျော်သွားခဲ့သည်။ 

 

photo_2023-11-10_20-29-22.jpg

 

ရေကြောင်းကုန်စည် ပေးပို့သူများနှင့် သင်္ဘောပိုင်ရှင် အများအပြားသည် အခြားလမ်းကြောင်းကို အသုံးပြုနေကြပြီ ဖြစ်သည်။

ပနားမားတူးမြောင်းအာဏာပိုင် Panama Canal Authority (ACP) သည် မိုးခေါင်နေခြင်းကြောင့် ရေလျော့နည်းနေသဖြင့် ရေအနက် လျော့ကျနေသောကြောင့် ဖြတ်သန်းသည့် သင်္ဘောများအတွက် အများဆုံး ခွင့်ပြု ရေစူးကန့်သတ်ချက်ကို ထုတ်ပြန်ထားသည်။

သင်္ဘောတစီး ဖြတ်သန်းတိုင်း ရေဂါလံ ၅၂ သန်း ပင်လယ်ထဲ စွန့်ထုတ်ရသဖြင့် ရေလက်ကျန်ကို ထိန်းထားနိုင်ရန် တရက်တာ ဖြတ်သန်းသည့် သင်္ဘော အရေအတွက်ကို လျှော့ချလျက်ရှိကြောင်း Logistics Guide တွင် တင်ပြခဲ့ပါသည်။

 


ပနာမားတူးမြောင်း ဖြတ်သန်းသင်္ဘော စီးရေ ထပ်မံလျှော့ချ

https://www.logisticsguide.com.mm/en/industry-news/port-new/227609-panama.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)