သီရိလင်္ကာ ကွန်တိန်နာဆိပ်ခံ ဒေါ်လာ သန်း၅၀၀ ကျော် အမေရိကန် ထောက်ပံ့မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယနှင့် အမေရိကန်တို့က တောင်အာရှတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် ကြိုးပမ်းနေစဉ် အိန္ဒိယဘီလျံနာ Gautam Adani မှ အကောင်အထည်ဖော်သည့် သီရိလင်္ကာမြို့တော် ကိုလံဘိုရှိ ဆိပ်ကမ်းတာမင်နယ်တစ်ခုအတွက် အမေရိကန်က ကန်ဒေါ်လာ ၅၅၃ သန်း ထောက်ပံ့မည်ဖြစ်သည်။
ကိုလံဘိုမြို့မှ ရေနက်ဆိပ်ကမ်း၏ West Container Terminal သည် အမေရိကန် အစိုးရ၏ International Development Finance Corp. အနေဖြင့် အာရှတွင် အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအနက် အကြီးမားဆုံး ဖြစ်သည်။
ရန်ပုံငွေသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ကန်ဒေါ်လာ ၉.၃ ဘီလီယံရှိသည့် DFC ရင်းနှီးမြှုပ်နှံမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တရုတ်နိုင်ငံသည် သီရိလင်္ကာတွင် ချေးငွေအနေဖြင့် ယမန်နှစ် နှစ်ကုန်အထိ ကန်ဒေါ်လာ ၂.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
ကိုလံဘို၏ ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာတွင် အလုပ်အများဆုံး ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတကာ သင်္ဘောလမ်းကြောင်းများနှင့် နီးကပ်စွာ တည်ရှိနေသည်။
ကွန်တိန်နာသင်္ဘောအားလုံး၏ ထက်ဝက်နီးပါးသည် သီရိလင်္ကာ ရေပိုင်နက်ကို ဖြတ်သန်းသွားလာကြသည်။
အဆိုပါ ဆိပ်ကမ်းစီမံကိန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။ စုစုပေါင်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဘီလီယံ ရှိသည်။ ယခုအခါ သောင်တူးခြင်းလုပ်ငန်း ပြီးစီးခဲ့ပြီ ဖြစ်သည်။
လုပ်ငန်းစုကြီး Adani Group သည် သီရိလင်္ကာတွင် ၅၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ် ထုတ်လုပ်ရန် ဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။
သမ္မတ ဒေါနယ်ထရန့်လက်ထက်တွင် စတင်တည်ထောင်ခဲ့သော ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာရေးအေဂျင်စီ DFC သည် အမေရိကန် နိုင်ငံခြားရေးမူဝါဒပန်းတိုင်များကို မြှင့်တင်ရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို အထောက်အကူပေးရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်လွှား လျာထားသည့် စီမံကိန်းများတွင် ရင်းနီးမြှုပ်နှံရန် ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ငွေကြေးထောက်ပံ့မှုများ အရှိန်မြင့်တက်လာခဲ့ပါသည်။
Source Bloomberg
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL