Port News

NYK ကားတင်သင်္ဘော ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး စီးနင်းသိမ်းပိုက်သည့် ဗီဒီယို ထုတ်ပြန်

NYK ကားတင်သင်္ဘော ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး  စီးနင်းသိမ်းပိုက်သည့် ဗီဒီယို ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

"ကားတင်သင်္ဘော Galaxy Leader သည် နိုဝင်ဘာ ၁၉ ရက်တွင် ရဟတ်ယာဉ်တစီးဖြင့် စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်များမှ သင်္ဘောပေါ် တရားမဝင် ရောက်ရှိလာခဲ့ကြပြီး စီးနင်းသိမ်းပိုက်ခြင်း ခံခဲ့ရပါသည်။ ယခုအခါ  ယီမင်နိုင်ငံရှိ ဟိုဒိုင်းဒါး ဆိပ်ကမ်းဧရိယာတွင် ရှိနေသည်။ နောက်ဆက်တွဲအဖြစ် ရေယာဉ်နှင့် ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားခဲ့သည်"ဟု သင်္ဘောပိုင်ရှင်က တနင်္လာနေ့ (နိုဝင်ဘာ ၂၀)တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

photo_2023-11-21_17-48-50.jpg

 

ပင်လယ်နီတွင် Galaxy Leader ကားတင်သင်္ဘောအား ဟူသီတို့၏ မော်တော်ဘုတ်များဖြင့် ခြံရံကာ ခေါ်ဆောင်သွားပုံ

 

photo_2023-11-21_18-26-38.jpg

ပင်လယ်နီထဲမှ Galaxy Leader ကားတင်သင်္ဘော ကုန်းပတ်ပေါ်သို့ ဟူသီစစ်ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပုံ

 

 

photo_2023-11-21_18-26-34.jpg

ပင်လယ်နီထဲမှ Galaxy Leader ကားတင်သင်္ဘော ကုန်းပတ်ပေါ်တွင် ဟူသီ များ နေရာရယူပုံ

 

photo_2023-11-21_18-26-29.jpg

ပင်လယ်နီထဲမှ Galaxy Leader ကားတင်သင်္ဘောပေါ်တွင် စစ်ရဟတ်ယာဉ် ဝဲပျံနေပုံ

 

photo_2023-11-21_18-26-14.jpg

 

ပင်လယ်နီထဲမှ Galaxy Leader ကားတင်သင်္ဘော ပဲ့စင်အခန်း ( သင်္ဘောအခေါ်အဝေါ် bridge) ဘေးတံခါးအနီးတွင် ဟူသီ တို့ကို တွေ့ရပုံ

 

ဗြိတိန်နိုင်ငံ Isle of Man တွင် ကုမ္ပဏီမှတ်ပုံတင်ထားသည့် Galaxy Maritime Ltd. သည် ၎င်းကားတင်သင်္ဘော၏ အမည်ပေါက် ပိုင်ရှင်ဖြစ်ပါသည်။

 

 ယီမင်နိုင်ငံမှ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် လက်နက်ကိုင်များသည် ရဟတ်ယာဉ်ပေါ်မှ ကားတင်သင်္ဘော ကုန်းပတ်ပေါ်သို့ ဆင်းကာ သင်္ဘောကို သိမ်းပိုက်လိုက်ကြောင်း ပြသထားသည်။

 

 

 ၎င်းဗီဒီယိုကို အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။

 

https://t.me/Guid4U/13046 

 

ပင်လယ်နီတောင်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

သင်္ဘောဖမ်းဆီးမှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတစ်ခုအဖြစ် အမေရိကန်က ရှုတ်ချခဲ့ပြီး သင်္ဘောများနှင့် ၎င်း၏အမှုထမ်းများကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

 

ဘဟားမားစ် အလံတင်ထားသော Galaxy Leader ၏ အမှုထမ်းများသည် ဘူလ်ဂေးရီးယား၊ ယူကရိန်း၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနှင့် ရိုမေးနီးယား နိုင်ငံသားများ ဖြစ်ကြောင်း Galaxy Maritime မှ ပြောကြားခဲ့သည်။

 

Galaxy Leader သည် ဂျပန်မှ Nippon Yusen(NYK) မှ စင်းလုံးငှားပြီး ပြေးဆွဲနေသည့် ကားတင်သင်္ဘော ဖြစ်ပါသည်။

 


ယခင်တင်ပြချက်

ပင်လယ်နီတွင် ကားတင်သင်္ဘော အပိုင်စီးထားခြင်းကို ဂျပန် ရှုတ်ချ

.

https://www.logisticsguide.com.mm/en/knowledge/tips/227649-galaxy-leader.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)