Port News

သင်္ဘောလိုင်းများနှင့် ယှဉ်ပြိုင်မှုဥပဒေ

သင်္ဘောလိုင်းများနှင့် ယှဉ်ပြိုင်မှုဥပဒေ google

ဂျပန်နိုင်ငံ၏ အဓိက သင်္ဘောလိုင်းကြီးတစ်ခု ဖြစ်တဲ့ K လိုင်းဟာ အခြားသင်္ဘောလိုင်းများနှင့် အချင်းချင်းညှိ၍ အမြတ်ထွက်ရန်ပြစ်မှုမြောက်သော် ကြံစည်သဘောတူညီမှု (cartel conduct) ပြုလုပ်သည့်အတွက် သြစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) ကစစ်ဆေးပြီး ဖက်ဒရယ်တရားရုံးက ဒဏ်ငွေတပ်ရိုက်ခဲ့ပါတယ်။

 

K လိုင်းဟာ ၂၀၀၉ခုနှစ် ဇူလှိုင်လ မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ကားI ထရပ်ကားI နှင့် ဘပ်(စ်) ကားများအား သြစတြေးလျနိုင်ငံသို့ သယ်ဆောင်ပေးရာတွင် အခြားသင်္ဘောလိုင်းများနှင့် ညှိနိုင်း၍ အပြိုင်အဆိုင်မလုပ်ဘဲ သဘောတူညီမှုဖြင့် ဈေးနူန်းသတ်မှတ်အမြတ်ထုတ်သည့်လုပ်ရပ် ( Cartel conduct) အတွက် ACCC ကစုံစမ်း စစ်ဆေးခဲ့ကာ ဖက်ဒရယ်တရားရုံးက ၂၀၁၈ နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်တို့ တွင် အမှုကြားနာ စစ်ဆေးခဲ့ပါတယ်။ သြဂုတ်လ ၂ရက်နေ့မှာတော့ ဖက်ဒရယ်တရားရုံးက K line ကို ဒဏ်ငွေ Australian $ 34.5 သန်း ( US$ 23.5 million) တပ်ရိုက်လိုက်ပါတယ်။ ဒီဒဏ်ငွေပမာဏဟာ သြစတြေးလျ နိုင်ငံမှာ ယှဉ်ပြိုင်မှု ဥပဒေ ချိုးဖေါက်လို့ တပ်ရိုက်သမျှ ဒဏ်ငွေများထဲမှာ အများဆုံးပမာဏဘဲ ဖြစ်ပါတယ်။

 

Kလိုင်းနဲ့ အခြားသင်္ဘောလိုင်းတွေဟာ Nissan, Suzuki, Honda, Toyota နှင့် Isuzu ကားထုတ်လုပ်သူတွေရဲ့ ကားတွေကို အမေရိကန်I အာရှနှင့် ဥရောပနိုင်ငံတွေကို ပေးပို့ရာတွင် သင်္ဘောခများကို ညှိနိုင်းပြီးသတ်မှတ်သည့် အတွက် သယ်ယူပို့ဆောင် စရိတ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိခဲ့ပြီး ဈေနူန်းဖေါင်းပွမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

 

Kလိုင်းဟာACCC ၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဖက်ဒရယ်တရားရုံးတွင် လည်း အပြစ်ရှိကြောင်း ဝန်ခံသဖြင့် မူလဒဏ်ငွေ $ 48 သန်း အစား $34.5 သန်း လျော့ပေါ့ ချမှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ၏ "ယှဉ်ပြိုင်မှု ဥပဒေ" တွင်လည်း ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော် ဆောင်ရွက်မှု ကို ဖြစ်စေသည့် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုလုပ်ရန်တားမြစ်ထားပါတယ်။ပုဒ်မ ၁၃ (က) တွင်- " ဝယ်ယူသည့် ဈေးနူန်း သို့မဟုတ် ရောင်းချသည့်ဈေးနူန်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ညှိနိုင်းသတ်မှတ်ခြင်းမပြုရ။

 

(ခ) - ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များကို ပြုလုပ်ခြင်း မပြုရ။

 

ဒါ့အပြင် စီးပွားရေးလုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါ အခြေအနေများ ဖြစ်ပေါ်စေနိုင်သည့် ပူးပေါင်းဆောင်ရွက်ခြင်းကို မပြုလုပ်ရန် တားမြစ်ထားပါတယ်။ပုဒ်မ ၃၁ (ခ) တွင်- စီးပွားရေးလုပ်ငန်း တစ်ခုတည်း သို့မဟုတ် အနည်းစုသာရှိသော ဈေးကွက်ရရှိစေရန် အတွက် ယှဉ်ပြိုင်မှုကို ကျဆင်းစေသည့် ပူးပေါင်းဆောင်ရွက်ခြင်းကို မပြုလုပ်ရ။

 

 

Image may contain: ocean, sky, water and outdoor

 

 

ပြစ်မှု နှင့် ပြစ်ဒဏ် အနေဖြင့်

 

ပုဒ်မ ၃၉ တွင်- မည်သူမဆို ပုဒ်မ ၁၃ ပါ တားမြစ်ချက် ကို ဖေါက်ဖျက်ကျုးလွန်ထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေI ကျပ်သိန်း၁၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

ပ်ုမ ၄၁ တွင်- မည်သူမဆို ပုဒ်မ ၃၁ ပါ တားမြစ်ချက် ကို ဖေါက်ဖျက်ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျင် ထိုသူကို ၂နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေI ကျပ် သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေI ဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

K လိုင်းအမှုတွင် ဒဏ်ငွေကို သတ်မှတ်ရာတွင် အမှုမဖြစ်ခင် တစ်နှစ်အတွင်း သြစတြေးလျသို့ Kလိုင်းပြေးစွဲရမှ ရရှိသည့် ဝင်ငွေ၏ ၁၀% ကို ဒဏ်ငွေ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

 

အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင်တည်ဆောက်မည်

 

Source : သန့်ဇင်

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)