Port News

Multifunctional Buoy Handling Vessel “BH101”

Multifunctional Buoy Handling Vessel “BH101” Zaw Nyunt

ဒီသင်္ဘောက Class NK နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ တန်ဘိုး (US$ 2.1 Millions) ဖြစ်ပါတယ်။ တည်ဆောက်ချိန် (၉-လခန့်) ကြာခဲ့ပါတယ်။ ပိုင်ရှင်ကတော့ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဖြစ်ပါတယ်။ Keel Laying အား (၃၀-၁၀-၂၀၁၈) နေ့တွင် ဆောင်ရွက်ခဲ့ပြီး (၂၇-၇-၂၀၁၉) ရက်နေ့တွင် ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

အဓိက ရည်ရွယ်ချက်က ရေတိမ် (ရေယာဉ်ရေစူး ၁-မီတာ) နဲ့ဘေးကင်းကင်း နဲ့သွားလာနိုင်​ဘို့ (Propeller 0.9Meter) အချင်းကို ရေအတိမ်အနက်လိုက်အပေါ်အောက် အတင်အချ ပြုလုပ်နိုင်အောင် တပ်ဆင်ထားပါတယ်။

 

No photo description available.

 

ရေမိုင် ၁၀-မိုင်နှုန်း အထက်အထိ မောင်းနှင်​နိုင်​ပါတယ်၊ ရေယာဉ်၏ ဝန်ပေါ့အလေးချိန်မှာ (၁၄၂.၁၀ -တန်) ရှိပြီး ကုန်ပြည့်အလေးချိန်မှာ (၁၅၈.၄၈-တန်) ရှိတဲ့အတွက် ကုန်စည် (၁၆.၃၈-တန်) အပြည့် တင်ဆောင်နိုင်ဘို့ ဒီဇိုင်းနှင့်အညီ တည်ဆောက်ထားပါတယ်။

 

ဘက်စုံသုံး အခြား ရည်ရွယ်ချက်တစ်ခုအဖြစ် မြစ်တွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာပါက ကူးတို့ ရေယာဉ်အဖြစ် ခရီးသည် (၅၀-ဦး)ကို ပို့ဆောင်ပေးနိုင်တဲ့ နေရာအကျယ်အ၀န်း ရှိပါတယ်။ ၄င်းအပြင် (၄-တန်)အလေးချိန်ရှိ Truck Car (၂-စီး) ကိုလည်း မြစ်ကြောင်း တလျှောက် သယ်ယူ ပို့ဆောင်ပေးနိုင်ပါတယ်။ မြစ်တွင်း မီးလောင်မှု ဖြစ်ပွားတဲ့အခါမှာလည်း တစ်နာရီလျှင် ရေဂါလံ (၅၀,၀၀၀) နှုန်းဖြင့် ပက်ဖြန်းပေးနိုင်တဲ့ ပြင်ပသုံးမီးသတ်စနစ် (External Firefighting System) ကိုတပ်ဆင်​ထားပါတယ်။

 

အခြားရည်ရွယ်ချက်တစ်ခုအနေဖြင့် မြစ်တွင်း တစုန်း နှုတ်ယူခြင်းများ၊ သောင်တင်နေသည့် ရေယာဉ်ငယ်များ ကယ်ဆယ်ခြင်းများ ဆောင်ရွက်ရန် ဗုံလုံတိုင်များအား အခိုင်အမာ တပ်ဆင်ထားပြီး (၁၀-တန်) ၀န်အားဆွဲနိုင်သော ၀န်ချီစက် (၁-လုံး)၊ (၃-တန်) ၀န်အားဆွဲမနိုင်သော ကရိန်း (၁-လက်)၊ (၁-တန်) ၀န်အားဆွဲမနိုင်သော ကရိန်း (၁-လက်) တို့ကိုလည်း တပ်ဆင်ထားပါတယ်။

 

Image may contain: sky, cloud, ocean, outdoor and water

 

ကျွန်တော်တို့သင်္ဘောကျင်းအနေဖြင့် ရေယာဉ် အမျိုးအစား အမျိုးစုံ စင်းရေ (၆၀၀)ကျော် အား သင်္ဘောကျင်းသက်တမ်း နှစ်ပေါင်း (၄၉-နှစ်ခန့်) အတွင်း တည်ဆောက်ခဲ့ပြီး ၄င်းတို့အနက် Track Record အနေနှင့် ပြည်ပပို့ကုန် ရေယာဉ်များကို နိုင်ငံတကာ ရေယာဉ်တည်ဆောက်ရေး စံချိန်စံနှုန်း သတ်မှတ်ချက် အဖွဲ့အစည်းများ ဖြစ်သည့် (LR, ABS, BV နှင့် ယခု NK Classification) တို့၏ စံချိန်စံနှုန်း သတ်မှတ်ချက်နှင့်အညီ တည်ဆောက်လွှဲပြောင်း ပေးနိုင်ခဲ့ပါတယ်။

 

တပ်မတော် (ရေ) ၏ လိုအပ်ချက်အရ စစ်ရေယာဉ်များကိုလည်း တည်ဆောက် ပေးခဲ့ပါတယ်။ကျွန်တော်တို့ Myanma Shipyards- AMECC JV Co., Ltd သင်္ဘောကျင်းအနေဖြင့် ရေယာဉ်တည်ဆောက်ရေး၊ ပြင်ဆင်ရေး လုပ်ငန်းများကို နိုင်ငံတကာ အဆင့် စံချိန်စံနှုန်း အမြင့်ဆုံး ဒီဇိုင်းသတ်မှတ်ချက်များနှင့်အညီ တည်ဆောက် ပြုပြင်နိုင်သည့်အတွက် နိုင်ငံပိုင် စီးပွါးရေး လုပ်ငန်းဌာနများမှ လိုအပ်လျှက်​ရှိ​​သော အဆင့်အတန်းမြင့် ရေယာဉ်များကို တည်ဆောက်ပြုပြင် ပေးနိုင်ပါကြောင်းနှင့် ပြည်တွင်းပြည်ပမှ စီးပွါးရေး လုပ်ငန်းရှင်များ အတွက်လည်း နိုင်ငံတကာ အဆင့်မီ ရေယာဉ်များကို လုပ်ငန်းအပ်နှံနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

Credit : ဦးဇော်ညွန့်
ဒါရိုက်တာ (ရေယာဉ်တည်ဆောက်ရေး)
Myanma Shipyards- AMECC JV Co., Ltd

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)