မနေ့က့ ညနေပိုင်း (၁၄/၇/၂၀၁၉)က မလေးရှားနိုင်ငံ Port Klang မှ အင်ဒိုနီးရှားနိုင်ငံ Semerang ဆိပ်ကမ်းသို့ဝင်ရောက်လာတဲ့ ကုန်သေတ္တာ feeder သင်္ဘော SOUL of LUCK ဟာ ဆိပ်ခံတံတားပေါ် က gantry crane တစ်လက်ကို သင်္ဘောရဲ့ဦးပိုင်း flare of the bow နဲ့တိုက်မိလို့ ကရိန်းလဲကျ သွားပါတယ်။
Soul of Luck ဆက်ပြီးတော့ အရှိန်မထိမ်းနိုင်ဘဲ ဆိပ်ခံတံတားမှာ ဆိုက်ကပ် ကြိုးချည်ထားတဲ့ အထွေထွေကုန်သင်္ဘော M/V CERIA ကိုပါ ဆက်တိုက်မိလို့ ကြိုးပြတ်ထွက်ပြီး မျော်သွားပါတယ်။
MV Soul of Luck ဟာ TEU ၁၅၉၇ သယ်ဆောင်နိုင်ပြီး ဂရိနိုင်ငံ Victoria Oceanway ကပိုင်ဆိုင်ကာ MCC Transport ကို အချိန်ပိုင်းဖြင့် သင်္ဘောဌားထားတာဖြစ်ပါတယ်။
Credit : သန့်ဇင် (MICS-UK)