Port News

တောင်ကိုရီးယား ကန် ၉၈ သန်း တန် logistics Hub ကို ရန်ကုန်တွင် တည်ဆောက်

တောင်ကိုရီးယား  ကန် ၉၈ သန်း တန် logistics Hub ကို ရန်ကုန်တွင် တည်ဆောက် google.com

မြန်မာနိုင်ငံ  ပို့ကုန်မြှင့်တင်ရေးတွင်  အရေးပါလာသော  ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး  ဗဟိုစခန်း၌ (Logistics Hub)ကို တောင်ကိုရီယားနိုင်ငံက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေတွင်  အမေရိက န်ဒေါ်လာ  ၉၈  သန်းခန့်ရင်းနှီးမြှုပ်နှံပြီး  တည်ဆောက်သွားမည်။

ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး  ဗဟိုစခန်း  တည်ဆောက်နိုင်ရေးအတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး  ဝန်ကြီးဌာနအောက်ရှိ  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်  တောင်ကိုရီယားနိုင်ငံ HUBS MK Co.,Ltdတို့  နေပြည်တော် ၌  ဇန်နဝါရီ၂၄ရက်နေ့က  သဘောတူညီချက် အရမှတ်တမ်း (Memorendum of Agreement-MOA) အား  လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်လျက်ရှိသော  ပို့ကုန်များ  အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့်  ကုန်ကျစရိတ်  လျှော့ချနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ  Logistics Hub များလိုအပ်လျက်ရှိသောကြောင့်  အတွေ့အကြုံနှင့်  နည်းပညာရှိထားပြီးဖြစ်သော  အထက်ပါကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်စိုးက ပြောကြားသည်။

ကုန်စည်ထောက် ပံ့ပို့ဆောင်ရေးစနစ်တွေ  တည်ဆောက်နိုင်မှ  မြန်မာနိုင်ငံရဲ့  လယ်ယာထွက်ကုန်တွေ၊ သားငါးပို့ကုန်တွေကို အရည်အသွေးထိန်းသိမ်းနိုင်မည်။ ကျန်တဲ့ပို့ကုန်တွေကိုလည်း  မြှင့်တင်နိုင်မယ်။ ဒီစီမံကိန်းကို  လုပ်ရခြင်းဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းအတွက် တောင်ကိုရီယားကုမ္ပဏီ   ခန့်မှန်းတွက်ချက်ထားမှုများအရ  ကန်၉၈သန်းခန့်  ကုန်ကျနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ကမူ အဆောက်အဦးတွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်မဟုတ်ဘဲ  အကျယ်အဝန်း ၅၉ဒသမ၁ဝရဧကရှိ  ဌာနပိုင်မြေကို  အသုံးပြုခွင့်ပေးသွားမည်။ ကျွန်တော်တို့ဘက်က မြေပဲပေးမည်။ပြီးမှ အကျိုးအမြတ်ကို သင့်တင့်ေ လျှာက်ပတ်စွာ ခွဲဝေမှာဖြစ်ပါတယ် ဟု မြန်မာတိုင်း(မ်)သို့ပြောကြားခဲ့သည်။ တောင်ကိုရီယားကုမ္ပဏီအနေဖြင့် ဖြစ်မြောက်နိုင် စွမ်းလေ့လာမှုကို လပိုင်းအတွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့်လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိသည်။

MOA ထိုးပြီးရင် နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်တွေ ထပ်တင်မယ်။ ပြီးရင် ဥပဒေနဲ့အညီပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု  ကော်မရှင်ကိုတင်မည်။ ဒီနှစ်အတွင်းမှာပဲ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်မယ်လို့မျှော်လင့်ပါတယ် ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်  Mr. Kang, Shangwon ကပြောကြားသည်။

ရန်ကုန်မြို့သည်  မြန်မာနိုင်ငံ၏  အဓိကကုန်သွယ်မှုဆိုင်ရာဒေသကြီးဖြစ်သောကြောင့်  ပထမဆုံးအနေဖြင့် အဆိုပါစီမံ ကိန်းကိုဆောင်ရွက်ခြင်းဖြစ်ပြီး  နောင်တွင် အခြားသောကုန်စည်ထွက်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လည်းဆက်  လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်စိုးကပြောသည်။

ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်း ပြီးစီးပါက လယ်ယာထွက်ကုန်များဖြစ်သော သစ်သီးဝလံများ၊ သီးနှံပို့ကုန်များနှင့် အခြားရေထွက်ကုန်များအား ဈေးကွက်အခြေအနေ ကိုစောင့်ကြည့်ကာ အရည်အသွေးမပျက်ထိန်းသိမ်းနိုင်ခြင်း၊ အလေအလွင့်နည်းပါးလာခြင်း စသည့်အားသာချက်များ ပို့ကုန်ကဏ္ဍတိုးတက်လာမည်။

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်ကလည်း   ဒီစီမံချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးကို  ကောင်းမွန်သော  အကျိုးသက်ရောက်မှုများ ရှိလာမှာ နိုင်မည် ဖြစ်သည်။

Source ; မြန်မာတိုင်း                                                 

Read times
Rate this item
(0 votes)