ရေကြောင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွှက်နေရသည့်အတွက် အခြားကမ်းရိုးတန်း ဆိပ်ကမ်းများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း
ဖေဖော်ဝါရီလ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင်ပြုလုပ်သော Myanmar – korea Investment Promotion Seminer အခမ်းအနားတွင် ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌါန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာ မျိုးငြိမ်အေး ကပြောသည်။
ကမ်းရိုးတန်း တလျောက်တွင်ရှိသော ဆိပ်ကမ်းတွေက ပြည်တွင်းအတွတ်ပဲ အဓိကသုံးနေပါသည်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု တွေလာရင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ ဖြစ်သွားနိုင်ပါသည် ဟုဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။မြန်မာနိုင်ငံ၏ မြေနေရာအနေအထားအရ ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၈၅ ရှိကာ ယင်းဧရိယာအတွင်း ဆိပ်ကမ်းစုစုပေါင်း ကိုးခုရှိသည်။ထိုဆိပ်ကမ်းများအနက် ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းသာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်ကြောင်းသိရသည်။
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိစစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်း၊ သံတွဲဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်း၊ မော်လမြိုင်ဆိပ်ကမ်း ၊ထားဝယ်ဆိပ်ကမ်း၊မြိတ်ဆိပ်ကမ်း နှင့် ကော့သောင်း ဆိပ်ကမ်းများသည် ပြည်တွင်းသုံးဆိပ်ကမ်းများအဖြစ်သာ ရှိနေသေးကြောင်း ၊ယင်းဆိပ်ကမ်းများအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ် အောင် ဆောင်ရွက်သွာဖို့ ရည်ရွယ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှသိရှိရပါသည်။
ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်တွင်းဆိပ်ကမ်း နှင့် သီလဝါဆိပ်ကမ်းနေရာ နှစ်ခုခွဲထားပြီး ယင်းနေရာနှစ်ခုပေါင်း ဧရိယာကို ရန်ကုန် ဆိပ်ကမ်းအဖြစ် သတ်မှတ် ထားခြင်း ဖြစ်ကြောင်း၊ ထိုနေရာ နှစ်ခုပေါင်း ရန်ကုန်ဆိပ်ကမ်း၌ စုစုပေါင်းသင်္ဘောအစင်းအရေအတွက် ၃၆ စင်းတစ်ပြိုင်နက်ဆိုက်ကပ် ရပ်နားနိုင်ပြီး ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း၉၀ကျော်အထိ ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ ရန်ကုန်ဆိပ်ကမ်း က စုစုပေါင်း ရေကြောင်းကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း၉၀ကျော်လောက်ကို ကိုင်တွယ်နေသော ဆိပ်ကမ်းဖြစ်ပါတယ် ဟုဒေါက်တာမျိုးငြိမ်းအေးကပြောသည်။
လက်ရှိတွင်ကမ်းရိုးတန်းဆိပ်ကမ်းများအနက် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်အောင် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်အောင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်မျာနှင့်း ပူးပေါင်းဆောင်ရွက်မှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်မှ တိုက်ရိုက်ဆောင်ရွက်နေမှုသည် ၆ ဒသ ၄ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း ဒေါက်တာမျိုးငြိမ်းအေးက ပြောခဲ့သည်။
Source ; Eleven