Port News

မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်း တည်ဆောက်ရန် တင်ခါခေါ်ယူ

မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်း တည်ဆောက်ရန် တင်ခါခေါ်ယူ google.com

ဧပြီလ အစောပိုင်းမှာ စတင်မဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်းကို တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါတစ်ခုကို ခေါ်ယူထားခြင်းဟာ အာရှကုန်သွယ်ရေးနဲ့ စွမ်းအင်ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အစိုးရအရင်းအမြစ်တစ်ခုအရ သိရှိပါသည်။

ရေပေါ်မှာ တည်ဆောက်မဲ့ အဆိုပါ သဘာဝဓာတ်ငွေ့တင်ပို့ရာ ဆိပ်ကမ်းဟာ နှစ်စဉ်တန်ပေါင်း ၃ သန်းမှ ၄ သန်းထိ ထုတ်လုပ် တင်ပို့ပေးနိုင်မှာဖြစ်ပြီး ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် အဆိုပါစီမံကိန်းမှာ မြို့ပြဧရိယာတွေကို ဓာတ်ငွေ့ပို့ဆောင်နိုင်မဲ့ ကီလိုမီတာ ၂၀၀ ရှိတဲ့ ပိုက်လိုင်းတည်ဆောက်မှုပါဝင်ပြီး လျှပ်စစ်ဓတ်အား ၁ ဂီဂါဝပ် (ဝပ်အား သန်းတစ်ထောင်) ထွက်ရှိမဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုလည်း ပါရှိသည်။

 

ထိုစီမံကိန်းဟာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်စွမ်းဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဦးဆောင်တည်ဆောက်မှာဖြစ်ပါသည်။

 

ဆိပ်ကမ်းတည်ဆောက်ဖို့နေရာအတွက် ယခုချိန်ထိ စဉ်းစားဆုံးဖြတ်နေဆဲဖြစ်သော်လည်း ရန်ကုန်မြို့အနီးမှာရှိတဲ့ မွန်ပြည်နယ်အရှေ့ပိုင်းက ဧရိယာတစ်ခု ဖြစ်နိုင်ချေရှိနေပါသည်။လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဆိပ်ကမ်းအနီး သို့မဟုတ် ရန်ကုန်မြို့အနီးအနား နေရာတစ်ခုမှာ တည်ဆောက်နိုင်ပါတယ်။ 

 

၂၀၂၀ ခုနှစ်အစောဆုံး ကာလမှာ လည်ပတ်နိုင်ဖို့ ရည်မှန်းထားတဲ့ ဆိပ်ကမ်းတည်ဆောက်ဖို့ တင်ဒါအောင်တဲ့ ကုမ္ပဏီကို အစိုးရက ယခုနှစ်ကုန်ပိုင်းမှာ ရွေးချယ်သွားမှာ ဖြစ်ပါမည်။

 

ပြီးခဲ့တဲ့ ဆောင်းဦးရာသီထဲက မြန်မာအစိုးရဟာ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေကို အဆိုပါစီမံကိန်းမှာပါဝင်ဖို့ ခေါ်ယူထားခဲ့တာဖြစ်ပါသည်။ ရွေးချယ်ရမဲ့ ကုမ္ပဏီတွေထဲမှာတော့ ဂျပန် ကုန်သွယ်ရေးကုမ္ပဏီများအပါအဝင် ထိုင်း နှင့် ဥရောပ ရေနံကုမ္ပဏီများဟာလည်း    စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ ရင်းမြစ်တစ်ခုက ဆိုခဲ့ပါသည်။

 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၂၀၂၀ ခုနှစ်မှာ သုံးဆတိုးမြင့်နိုင်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာ တိုင်းပြည် လျှပ်စစ်အားပေးစက်ရုံတွေရဲ့ ၆၀ မှ ၇၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လျှပ်စစ်ထုတ်အားကို ရာသီဥတုအပေါ် မှီခိုနေရတဲ့ ရေအားလျှပ်စစ်အခြေပြု စက်ရုံတွေဖြစ်ပါတယ်။ အစိုးရဟာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အားစက်ရုံတွေကို ပိုမိုတည်ဆောက်သွားဖို့ ဆက်ပြောခဲ့သည်။

 

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Italian-Thai Development၊ ထိုင်းစွမ်းအင်ကုမ္ပဏီ PTT နဲ့ Anglo-Dutch ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Royal Dutch Shell တို့ဟာ ထားဝယ်မြို့ အရှေ့တောင်ဘက်နဲ့ အခြားဧရိယာတွေမှာ သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်းစီမံကိန်းတွေ တည်ဆောက်ဖို့အတွက် စီစဉ်နေကြပါသည်။

 

Source ; TZ & T Trading CO., & . Logistics Service

Read times
Rate this item
(1 Vote)