Port News

သီလ၀ါဆိပ်ကမ်း ဒေသတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက်ဆိပ်ကမ်း စတင်ဖွင့်လှစ်

သီလ၀ါဆိပ်ကမ်း ဒေသတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက်ဆိပ်ကမ်း စတင်ဖွင့်လှစ် google.com

သီလ၀ါ ဆိပ်ကမ်းတွင် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား မတ် ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ထိုဆိပ်ကမ်းဖွင့်ပွဲသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး တို့နှင့်အတူ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေ့ဖွင့်လှစ်လိုက်တဲ့ Wilmar Jetty က အထွေထွေကုန်စည် နဲ့ ကုန်သေတ္တာတင် သင်္ဘောတွေအတွက် တတိယမြောက်ဆိပ်ကမ်းတခုလည်း ဖြစ်ခဲ့ပါတယ်။

 

 ကုမ္ပဏီက ရည်ရွယ်တာကတော့ စိုက်ပျိုးရေး ထုတ်ကုန်သင်္ဘောတွေ၊စားအုန်း ဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ အခြားသင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့ပါ ဟု မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဒုတိယ မြို့ပြအင်ဂျင်နီယာချုပ်က ပြောကြားချက်အရ သိခဲ့ရပါတယ်။ ယခုဖွင့်လှစ်သည့် Wilmar Jetty သည် ပထမအဆင့်ဆိပ်ကမ်း တည်ဆောက်မှုပြီးစီး၍ ဖွင့်လှစ်ခဲခြင့်းပင်ဖြစ်ပြီး၊ ထိုဆိပ်ကမ်း စီမံကိန်း တစ်ခုလုံးအား ၂၀၂၂ ခုနှစ်တွင် အပြီးသတ်တည်ဆော က်သွားမည်ဖြစ်ကြောင်းကိုလည်း သိခဲ့ရပါတယ်။

 

သီလ၀ါဆိပ်ကမ်းဒေသရှိ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မြေကွက်များတွင် နိုင်ငံတကာအဆင့်မှ အထွေထွေကုန်စည် ကောက်ပဲသီးနှံတင်ချ ဆိပ်ခံတံတား နှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရန် Wilmar Myanmar Port Terminals (Thilawa) ltd မှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ခြင့်းဖြစ်ပြီး ထိုစီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုချက်အား ရရှိလုပ်ကိုင်ခဲ့ခြင့်းဖြစ်ကြောင်း ကိုလည်းသိခဲ့ရပါတယ်။

 

လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ် မတ်လတွင်စတင်ကာ သီလ၀ါဧရိယာ၊ ဆိပ်ကမ်းမြေကွက်အမှတ် ၂၀ နှင့် ၂၁ တွင် ဆောင်ရွက်ခဲခြင့်းဖြစ်ကာ ထိုရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြုပ်နှံသွားမည်ဟုလည်း သိခဲ့ရပါတယ် ။ Wilmar Jetty သည် စုစုပေါင်း အလျား ၂၃၂ မီတာရှိပြီး ထပ်မံ၍ ဆိပ်ခံတံတားအရှည် ၃၉၀ မီတာအထိ တည်ဆောက်သွားမည် ဖြစ်ကာ ရေအနက် ၁၃ မီတာရှိကြောင်း သိခဲ့ရပါသည်။

 

 သင်္ဘောအရွယ် ၄၉၀၀၀ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်အထိ ဆောက်လုပ်သွားမည်ဟု သိခဲ့ရသည် ။ လက်ရှိ သီလ၀ါဆိပ်ကမ်းဒေသတွင် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများအနေဖြင့် MITT ဆိပ်ကမ်း နှင့် MIPL ဆိပ်ကမ်းတို့ရှိပြီး ယခုဖွင့်လှစ်သည့် Wilmar Jetty သည် တတိယမြောက် ဆိပ်ကမ်း ဖြစ်လာခဲ့ပါတယ်။

 

Wilmar Jetty တွင် ဆိပ်ခံတံတားအပြင် စားအုန်းဆီသိုလှောင် ထုတ်လုပ်သည့် စက်ရုံများ၊ သကြားစက်၊ ဓာတ်မြေသြဇာစက်ရုံ၊ ဆန်စက်များ၊ ဆီအုန်းထုတ်လုပ်သည့် စက်ရုံများအပြင် အခြားကုန်ပစ္စည်း သိုလှောင်ရုံများပါ တည်ဆောက်နေကြောင်း သတင်း ရရှိခဲ့ပါတယ်။

 

Source ; eleven

Read times
Rate this item
(1 Vote)