သီလဝါတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် IFC (နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း) က ကန်ဒေါ်လာ ၁၅ သန်း ချေးပေးမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသော သတင်းအရ သိရှိခဲ့ပါတယ်။
မြန်မာ - ဂျပန် ဖက်စပ်ကုမ္ပဏီ Lluvia က အဆိုပါဆိပ် ကမ်းတည်ဆောက်ရန် ကန်ဒေါ် လာ ၆၅ သန်း ကုန်ကျမည်ဖြစ်ကာ ထိုချေးငွေသည် စီမံကိန်းကုန်ကျစရိတ်၏ အစိတ်အပိုင်း အချို့ကို ထောက်ပံ့ရန်လည်း ဖြစ်သည် ဟု IFC က သတင်းထုတ်ပြန် ချက်အရ သိခဲ့ပါတယ်။ပထမဦးဆုံး ကုန်စည် ထိန်းချုပ်ရေးအတွက် စီမံပေးခဲ့တာပါ။နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ သယ်ယူပို့ဆောင်ရေး၊ ကုန်စည် သိုလှောင်ရေးနဲ့ ဆိပ်ကမ်းကဏ္ဍတွေမှာ ပုဂ္ဂလိက ပါဝင်နိုင်အောင် ကူညီတာပါ ဟု IFC မြန်မာနိုင်ငံ အကြီးအကဲ ဗီခရမ်ကူးမားက ပြောခဲ့ပါတယ်။
သီလဝါ ဆိပ်ကမ်းအကောင် အထည်ဖော်ပြီးပါက ကုန်စည်တန်ချိန် တစ်သန်း ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး သယ်ယူပို့ ဆောင်ရေး၊ သိုလှောင်စရိတ်များ နှင့် ကုန်သွယ်မှုကို ထောက်ပံ့ပေး မည်ဟု IFC က ပြောပါတယ်။ စီမံကိန်းသည် အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ကုန်စည် သယ်ဆောင်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို ထောက်ပံ့ပေးမည်ဖြစ်ကာ ဈေးကွက်အသစ် နှင့် အလုပ်အကိုင်အသစ်များ ရရှိလာနိုင် ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခြေခံအဆောက်အအုံ လိုအပ်ချက်အတွက် နှစ်ရှည်ချေး ငွေကို IFC က ချေးပေးတာပါ ဟု Lluvia ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ က ပြောဆိုခဲ့ပါတယ်။Lluvia ကုမ္ပဏီသည် ပြည် တွင်းမှ Capital Diamond Star Group ကုမ္ပဏီ နှင့် ဂျပန် Mitsubi-shi ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်ခြင်းလဲ ဖြစ်ခဲ့ပါတယ်။
IFC သည် ကမ္ဘာ့ဘဏ်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အစိုးရ မဟုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများကို ချေးငွေတိုက်ရိုက် ပေးနေသည့်  အဖွဲ့အစည်းတခုလဲ ဖြစ်ခဲ့ပါတယ်။သီလဝါ ဆိပ်ကမ်းသည် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သီလဝါ အထူးစီးပွားရေးဇုန်မှ ထွက်ကုန်များကို ပင်လယ် ရေကြောင်းမှ သယ်ပို့ရန် အရေးကြီးသည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာပါလိမ့်မည်။
Source ; 7day news
Read more ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် NEDA ထံမှ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံချေးယူ