Port News

ဆိပ်ကမ်းများ၌ လတ်တလော ကားထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေ

ဆိပ်ကမ်းများ၌ လတ်တလော ကားထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေ google.com

ရန်ကုန် ဆိပ်ကမ်းအတွင်း ကားထုတ်ယူရာတွင် အခက်အခဲများ ဖြစ်နေပြီး လတ်တလောတွင် ကားထုတ်ယူ၍ မရ ဖြစ်နေကြောင်း ယနေ့ မနက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်

လုပ်ဖြန့်ဖြူး ရောင်းချသူ များအသင်းဗဟို အလုပ်အမှုဆောင်များ အစည်းအဝေးမှ သိခဲ့ရပါတယ်။

 

 

လတ်တလောတွင် ရန်ကုန်ဆိပ်ကမ်းအတွင်း ကားထုတ်ယူလို့ရသော နေရာက အခက်အခဲများစွာ ရှိနေခဲ့တဲ့အတွက် ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အသင်းအနေနဲ့ အကောက်ခွန် ဦးစီးဌါန နှင့် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး နှင့် မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်ရှင်များ ဥက္ကဌ ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

 

ထို့ပြင် လိုင်စင်သက်တမ်းကုန် ဒဏ်ကြေး ကိစ္စ္စနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌါနသို့ တင်ပြမည် ဖြစ်ပြီး လက်ရှိကားထုတ် ယူရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်း ရှင်းလင်းကာ တင်ပြခဲ့ပါတယ်။

 

 

အရင်က သက်တမ်းရှိသော ကားများ ဆိပ်ကမ်း ရောက်ရှိသောအခါတွင် သတ်မှတ်ထားသော ဒဏ်ကြေးပေးဆောင်ရင် ထုတ်ယူလို့ ရခဲ့ပေမဲ့ ယခု လက်ရှိအနေအထားအရ ဆိပ်ကမ်းကနေ ကားထုတ်ယူသော အခါတွင် ဘာအခက်အခဲရှိနေလို့ ထုတ်ယူလို့မရ   ဖြစ်နေတာလဲဆိုတာကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိခဲ့ရပါတယ်။

 

 

Source ; မြဝတီ

Read times
Rate this item
(1 Vote)