Port News

သီလဝါတွင် နိုင်ငံပိုင်ဆိပ်ကမ်းတစ်ခုကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည်

သီလဝါတွင် နိုင်ငံပိုင်ဆိပ်ကမ်းတစ်ခုကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည် google.com

သီလဝါတွင်အရှည် မီတာ ၁,၀၀၀ ရှိသည့် ဆိပ်ကမ်းတခုကို ဂျပန်နိုင်ငံမှချေးငွေဖြင့် တည်ဆောက်ရန်

စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

ထိုဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ကွက် ငါးခုပါဝင်ပြီး နိုင်ငံ ပိုင်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့်သဘော တူထားကြောင်း၊ ပို့ကုန်၊ သွင်းကုန် ကုန်စည်များကို ပိုမိုကိုင်တွယ်နိုင် ရန်ဖြစ်ကြောင်း ပြောပြချက်အရ သိခဲ့ရခြင်းဖြစ်ပါတယ်။

 

ဒီဆိပ်ကမ်းလုပ်ကွက်ငါးခု စလုံးပြီးမယ်ဆိုရင် ကုန်သေတ္တာ တစ်သန်းလောက်အထိ ကိုင်တွယ်ဖို့ မျှော်မှန်း ပါတယ်ဟု ဦးဝင်းခန့်ကထပ်မံပြောပြချက်အရ သိခဲ့ရပါတယ်။

 

အဆိုပါဆိပ်ကမ်းအကွက် ငါးခုအနက် အကွက်နံပါတ်(၂၅) နှင့်(၂၆)ကို တည်ဆောက်ရန် ဂျပန်နိုင်ငံမှ ချေးငွေယန်း ၂၃ ဘီလီယံ ရရှိထားပြီး ၂၀၁၉ တွင် ဆိပ်ကမ်းတစ်ခုပြီးစီးမည်ဖြစ်ပြီး ကျန်သည့် အကွက် အမှတ်(၂၂)၊ (၂၃)၊(၂၄) အတွက် ချေးငွေများရယူရန်လည်း ဂျပန်နိုင်ငံနှင့် သဘောတူထားကြောင်း ဦးဝင်းခန့်ကပြောပါတယ်။

 

သီလဝါအထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် မေလဆန်း၌ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပြီး အကယ်၍ မျှော်မှန်းထားသည့်အတိုင်း ဆောင်ရွက်နိုင်ပါက သီလဝါဆိပ်ကမ်းသည် တစ်နှစ်လျှင် ကုန်သေတ္တာတန်ချိန် တစ်သန်းအတင်အချ ပြုလုပ်နိုင်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပြောခဲ့ပါတယ်။

 

‘‘ပို့ကုန်၊ သွင်းကုန်ရဲ့ ပင် လယ်ရေကြောင်းကဏ္ဍမှာ ၉၀ရာခိုင်နှုန်း အထက်က ရန်ကုန်ကုန်းတွင်းဆိပ်ကမ်းနဲ့ သီလဝါမှာရှိတယ်။ ကွန်တိန်နာကိုင်နိုင်တဲ့ ဆိပ်ကမ်းကြီးက လောလောဆယ် ငါးခုပဲရှိတယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ပြောပြချက်အရ သိခဲ့ရပါတယ်။

 

ဆိပ်ကမ်းများတွင် ယမန်နှစ်က ကွန်တိန်နာအလုံးရေ ၁ ဒသမ ၄၃ သန်းကျော် အတင်အချပြုလုပ်နိုင်ပြီး ကုန်းတွင်းဆိပ်ကမ်းလေး ခု၌ ကိုးသိန်းခန့် အတင်အချပြုလုပ်နိုင်ကြောင်း ဝန်ကြီးကပြောခဲ့ပါတယ်။

 

အစိုးရသစ်သက်တမ်း ၂ နှစ် အတွင်း သီလဝါဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ကွက်ခြောက်ခုပြီး စီးထားပြီး လုပ်ကွက် ၃၃ ခု ထပ်မံတည်ဆောက်နေသဖြင့် စုစုပေါင်း ၃၉ ခုရှိလာမည်ဖြစ်ပါတယ်။

 

Source ; 7 Day Daily

 

Readmore သီလဝါ ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်လအတွင်း ကန်ဒေါ်လာသန်း ၂၀ ကျော် ဝင်ရောက်

 

http://www.logisticsguide.com.mm/en/what-new/latest-updates/704-thilawah-access-of-foreign-investment-of-more-than-20-million-within-a-month.html

 

ba8105ffcbf1e654523b3092c0b2fd33 L

Source ; 7 Day Daily

Read times
Rate this item
(1 Vote)